ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ

Saturday 6 October 2012

ရောဇမလ္လပုတ္တ နှင့် နော်ဝေနိုင်ငံ စတီရယ်ဒေါမြို့


မိမိတို့ ဗုဒ္ဓရှင်မြတ်ဘုရားဟာ တစ်နေ့မှာ နောက်ပါ သံဃာတော်ပေါင်း(၁၂၅၀)နဲ့အတူ အာပဏရွာကနေပြီးတော့ ကုသိနာရုံပြည်ကို ဒေသစာရီ ကြွချီတော်မှုပါတယ်။
ကုသိနာရုံပြည်က မလ္လာမင်းတွေက ဗုဒ္ဓဘုရားရှင် သူတို့ပြည်ကိုကြွမယ်လို့ သတင်းကြားတဲ့အခါ အားလုံးစုဝေးပြီးတော့ စည်းဝေးတိုင်ပင်ကြပါတယ်။ဘယ်လို စည်းဝေးတိုင်ပင်ကြသလဲဆိုတော့ မြတ်စွာဘုရား ကုသိနာရုံပြည်ကို ကြွလာရင် တိုင်းပြည်မှာရှိကြတဲ့ လူတွေအားလုံး ဗုဒ္ဓဘုရားနဲ့နောက်ပါသံဃာတော်တွေကို ကြိုဆိုကြရမယ်၊ပူဇော်ကြရမယ်၊မကြိုဆိုတဲ့သူ ဒဏ်ငွေငါးဆယ် ဆောင်ရမယ် လို့ ကတိက၀တ်ပြုစည်းဝေးတိုင်ပင်ကြတယ်တဲ့။
ဗုဒ္ဓမြတ်စွာနဲ့ နောက်ပါသံဃာတော်တွေ ကုသိနာရုံပြည်ကိုကြွလာကြတယ်၊ကိုသိနာရုံက မလ္လာမင်းတွေကလဲ မိမိတို့ စည်းဝေးတိုင်ပင် ကတိက၀တ်ပြုထားကြတဲ့အတိုင်း မြတ်စွာဘုရားနဲ့သံဃာတော်တွေကို ကြိုဆိုကြပါတယ်။
အဲဒီလို ကြိုဆိုကြတဲ့ မလ္လာမင်းတွေအထဲမှာ ဘယ်သူပါလာလဲဆိုတော့ အရှင်အာနန္ဒာရဲ့ သူငယ်ချင်း ရောဇမင်းသားလဲ ပါလာတယ်။အဲဒီ မင်းသားဟာ ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်ဘူး၊အင်မတန်မှ မာန်မာနခက်ထန်တယ်၊ လောကီအာရုံကာမဂုဏ်တွေမှာပဲ ပျော်မွေပြီးနေတယ်။ဒီလို ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်ဘဲ ဗုဒ္ဓဘုရားရှင်နဲ့သံဃာတွေကို ဘာဖြစ်လို့ လာရောက်ကြိုဆိုရသလဲဆိုရင် စောစောက အားလုံးကြိုဆိုကြရမယ်ဆိုပြီး စည်းဝေးတိုင်ပင်ထားကြ၊ကတိက၀တ်ပြုထားကြလို့ပဲ။
ကြိုဆိုပွဲလဲပြီးရော တိုင်းသူပြည်သားတွေလဲ ကိုယ်အိမ်ကိုယ့်ဌာနတွေကို အသီးသီးပြန်ကြ၊ဘုရားရှင်နဲ့တကွ သံဃာတော်အရှင်မြတ်တွေလဲ ကုသိနာရုံပြည်က မြို့သူမြို့သားတွေကို နောက်နောက်ရက်တွေမှာ ချီးမြှောက်ဖို့ဆိုပြီး အဲဒီ ကုသိနာရုံပြည်မှာရှိကြတဲ့ ကျောင်းတိုက်တွေမှာ သီတင်းသုံး နေထိုင်ကြဖို့ ကြွတော်မှုကြပါတယ်။
တိုင်းသူပြည်သားတွေ ပြန်သွားတော့ ရောဇမင်းသားက ခေတ္တနောက်ချန်ရစ်ခဲ့တယ်။နောက်ချန်ရစ်ေ
နခဲ့ပြီး ဘယ်သူဆီးကို သွားသလဲဆိုတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ အရှင်အာနန္ဒာဆီကိုသွားတယ်၊သီးသန့်သွားနှုတ်ဆက်တယ်လို့ ဆိုရမှာပေါ့။
အရှင်အာနန္ဒာရှေ့ရောက်လို့ နှုတ်ဆက်စကားပြောတော့၊အရှင်အာနန္ဒာကလဲ သိပ်ဝမ်းသာတာပေါ့လေ၊ပိုပြီးတော့ ၀မ်းသာစရာက ဒီရောဇမင်းသားဟာ ယခင်က ရတနာသုံးပါးကို ကိုင်းရှိုင်းသူမဟုတ်ဘူး။ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်ဘဲ ယခုလို ဘုရားအမှုးရှိတဲ့ သံဃာတော်အရှင်မြတ်တွေကို လာရောက်ကြိုဆိုတယ်ဆိုတော့ အံ့သြ၀မ်းသာရတာပေါ့။
အမောင် ရောဇမင်းသား၊ယခုလို ဘုရားရှင်နဲ့တကွ သံဃာတော် အရှင်မြတ်တွေကို လာရောက်ကြိုဆိုတာ အင်မတန်မှ ကောင်းမြတ်လှပါတယ် လို့ အရှင်အာနန္ဒာကပြောတော့၊ရောဇမင်းသားက ဘယ်လိုပြန်ပြောသလဲဆိုတော့
အရှင်ဘုရား၊တပည့်တော်ဟာ ယခုကြွရောက်လာကြတဲ့ ဘုရားအမှုးရှိတဲ့ သံဃာတော်တွေကို လာရောက်ကြိုဆိုတာဟာ ဘုရားရှင်နဲ့သံဃာတော်တွေကို ကြည်ညိုလို့ မဟုတ်ဘူး၊တပည့်တော်တိုမှာ ကတိက၀တ် ထားထားပါတယ်၊ဘုရားနှင့်တကွ သံဃာတော်တွေကို လာရောက်မကြိုရင် ဒဏ်ငွေငါးဆယ်ဆောင်ရမယ်လို့ ကတိက၀တ်ထားကြပါတယ်၊ဒီကတိက၀တ်ကြောင့် တပည့်တော်လာရောက် ကြိုဆိုတာပါလို့ လျှောက်လိုက်တော့ အရှင်အာနန္ဒာ စောစောက ထင်ထားတာနဲ့လွဲချော်ကုန်ပါရောပေါ့၊ သူထင်နေတာက ရတနာသုံးပါးကို ကြည်ညိုလို့လာကြိုဆိုတယ်။ ထင်နေတာ။
ဒီလို မင်းသားက လျှောက်ထားတော့ အရှင်အာနန္ဒာရဲ့စိတ်ထဲမှာ တော်တော်လေး မကောင်းဖြစ်သွားပါတယ်။ အော် ရောဇမင်းသားဟာ အတော်ရိုင်းစိုင်းတယ်၊ရတနာသုံးပါးကို ယခုထိ ကြည်ညိုရမှန်းမသိရှာသေးဘူး၊ဒီအတိုင်းသာဆိုရင် သူ့မှာ ရသင့်တဲ့ အကျိုးစီးပွားတွေ ဆုံးရှုံးသွားတော့မှာပဲလို့ ဆင်ခြင်မိတော်မှုတယ်။ဒီတော့ အရှင်အာနန္ဒာဟာ ဘုရားရှင်သီတင်းသုံးတော်မှုတဲ့ ကျောင်းတော်သို့ သွားရောက်ပြီး ဘုရားရှင်ကို လျှောက်ထားပါတယ်။
ဘုန်းတော်ကြီးတော်မှုသော မြတ်စွာဘုရား၊ရောဇဆိုတဲ့ မင်းသားဟာ ဟောဒီကုသိနာရုံပြည်မှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါဘုရား၊ဒီလို ထင်ပေါ်ကျော်ကြားသူတစ်ယောက်ဟာ မြတ်စွာဘုရားရဲ့ သာသနာတော်မြတ်ကြီးကို ယုံကြည်သက်ဝင်သွားမယ်ဆိုရင် သာသနာတော်အတွက် သိပ်ပြီးကျေးဇူးများမှာပဲဘုရား၊ဒါ့ကြောင့် ရောဇမင်းသား သာသနာတော်ကို ယုံကြည်သက်ဝင်လာအောင် ပြုလုပ်ပေးတော်မှုပါ၊ဆောင်ကြဉ်းပေးတော်မှုပါဘုရား လို့လျှောက်ထားပါတယ်။
ဒီနေရာလေးမှာ စဉ်းစားဖို့ ရှိလာတယ်၊အရှင်အာနန္ဒာကိုယ်တော်မြတ်အနေနဲ့ ရောဇမင်းသားအပေါ်မှာ ဒီလောက် မေတ္တာ ဂရုဏာတွေထားတယ်နော်၊ဒါ ကလျာဏမိတ္တပဲ၊ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်၊သာသနာတော်ကို ကြိုညိုစေချင်တယ်။ဒါ မိတ်ကောင်းဆွေကောင်းတို့ရဲ့ သဘာဝနော်၊ကောင်းတဲ့ နေရာကို၊ကောင်းတဲ့ အလုပ်ကို ညွန်ပြချင်းတယ်၊ဒါမိတ်ဆွေကောင်းတို့ရဲ့ သဘောပဲ။အရှင်အာနန္ဒာဟာ မိတ်ဆွေကောင်းပီသစွာ ဘုရားရှင်ကို သွားပြီးတော့ လျှောက်ထားခြင်းဖြစ်တယ်။
စတီရယ်ဒေါမြို့ ဒါယကာ၊ဒါယကာမအပေါင်း သူတော်ကောင်းတွေလဲ သိပ်ပြီးတော့ အတုယူစရာ ကောင်းလှပါတယ်၊မှတ်သားစရာ ကောင်းလှပါတယ်၊လိုက်နာဖွယ်ရာ ကောင်းတ
ယ်နော်၊မိတ်ဆွေကောင်းဆိုတာ ရဖို့ တွေ့ဖို့ကြုံဖို့ မလွယ်ဘူး။
ဒီအခါမှာ ဘုရားရှင်ကိုယ်တော်မြတ်က ချစ်သားအာနန္ဒာ၊မပှုပါနဲ့၊ရောဇမင်းသား သာသနာတော်ကို ရောက်ဖို့ရန်အတွက် ငါဘုရားမှာ ဘာမှ တာဝန်မကြီးဘူး၊သာသနာတော်တွင်းကို ရောက်ဖို့ရန် သာသနာတော်ကိုကြည်ညို့ဖို့ရန်၊ငါဘုရားမှာ ဘာမှ တာဝန်မကြီးဘူးလို့ အရှင်အာနန္ဒာကိုမိန့်တော်မှုလိုက်ပါတယ်၊အိမ်တော့ မရောက်သေးဘူး၊လမ်းခုလပ်ပဲ ရှိသေးတယ်၊ဒီတော့ ဗုဒ္ဓက ဘာလုပ်သလဲဆိုတော့
သြဒိဿမေတ္တာပို့တော်မှု
ရောဇမင်းသားကို စိတ်ညွတ်လိုက်ပြီးတော့ သြဒိဿမေတ္တာပို့လွတ်တော်မှုပါတယ်။သြဒိဿမေတ္တာဆိုတာ မိမိမေတ္တာပို့လိုတဲ့ ပုဂ္ဂိုလ်ကို သီးခြားရည်စှုးပြီးတော့ ပို့ရတဲ့ မေတ္တာမျိုးဖြစ်ပါတယ်၊မိမိပို့ချင်တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်နမ်ခန္ဓာဒြဗ်ကို အာရုံစိုက်ကြည်ရူပြီးတော့ ကျန်မာပါစေ ချမ်းသာပါစေလို့ ပို့လွတ်ရတဲ့ မေတ္တာမျိုးကို သြဒိဿမေတ္တာလို့ခေါ်ပါတယ်။
ရောဇမင်းသားကို မြတ်ဗုဒ္ဓက အဲဒီ သြဒိဿမေတ္တာနဲ့ ပို့လွတ်တော်မူလိုက်တာဖြစ်ပါတယ်၊ဒီလိုမေတ္တာပို့လိုက်တော့ ရောဇမင်းသားဆိုတာ မနေနိုင်တော့ဘူးတဲ့ သူစိတ်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိဘူး၊မြတ်ဗုဒ္ဓကို သိပ်ပြီးတော့ တွေ့ချင်လာတယ်တဲ့။ဒီတော့ ဗုဒ္ဓရှိတဲ့ ကျောင်းကို ပြန်လှည့်လာပြီး ကျောင်းဝင်းထဲမှာ မြင့်တွေ့ရတဲ့ ရဟန်းတော်တွေကို လိုက်ပြီးမေးတော့တာပဲ၊ ဒီနေ့ရာမှာ ပါဠိတော်ကိုတော့ မဖော်ပြတော့ပါဘူး။ဘုရားရှင် ဘယ်မှာလဲ၊ဘုရားရှင် ဘယ်ကျောင်းမှာ သီတင်းသုံးလဲ ဆိုပြီး တွေ့မြင်တဲ့ ရဟန်းတွေကို လိုက်လံမေးမြန်တော့တာပဲ ။စာထဲမှာ ဘယ်လိုပြသလဲဆိုတော့ မိခင်နဲ့ကွဲနေတဲ့ နို့စို့နွားငယ်လေးဟာ တစာစာနဲ့ တောင် မြောက် ရောက်ပြီူတော့ အော်ဟစ်နေသလိုပဲတဲ့။ရောဇမင်းသားလဲ ဗုဒ္ဓနဲ့ကွဲကွာနေရလို့ တွေ့ချင်နေတဲ့သဘောသက်ရောက်နေတယ်။
ဒီအခါမှာ ရဟန်းတော်တစ်ပါးက ညွန်ပြလိုက်တယ်။ဗုဒ္ဓရှင်တော်မြတ် သီတင်းသုံးရာ ကျောင်းတော်ကိုသွား၊စောစောက ဗုဒ္ဓကို ကြည်ညိုသူ မဟုတ်ဘူးနော်၊ယခု ရှိခိုးကန်တော့နေပါပြီ။စတီရယ်ဒေါမြို့သူမြို့သားများဟာလဲ ဒါဟာ ဘာ့ကြောင့်လဲ၊ဆိုတာတွေမိမယ် ထင်ပါတယ်။ဗုဒ္ဓပို့လွတ်လိုက်တဲ့ မေတ္တာဓာတ်ရဲ့ စွမ်းအားကြောင့်ပဲ။မဟုတ်ပါလား။
ဒီတော့ ဗုဒ္ဓက ချစ်သား ရောဇလို့ ခေါ်တော်မှုလိုက်တယ်၊ဒီအသံလေးကိုလဲကြားလိုက်ရော၊ရောဇရဲ့ ခန္ဓာကိုယ်မှာ ကြက်သီးမွေးညှင်းတွေ ထသွားတဲ့အထိ ၀မ်းမြောက်ဝမ်းသာဖြစ်တယ်။
ဒီတော့ ဗုဒ္ဓက ဘာလုပ်သလဲဆိုတော့၊ဒါနနဲ့စပ်တဲ့ တရားတော်တွေ၊သီလနဲ့စပ်တဲ့တရားတော်တွေ၊ကာမဂုဏ်ရဲ့ အပြစ်တွေ-စတဲ့တရားဒေသနာတော်တွေကို ဟောကြားတော်မှုပါတယ်။အဲဒီတရားတော်တွေကို နာကြားရင်နဲ့ရောဇမင်းသားရဲ့စိတ်ထဲမှာကြည်လင်အေးမြလာတယ်၊ကြာလေကြာလေ ငြိမ်သက်လာလေဖြစ်တယ်၊ရင်ကျက်လာတယ်၊နောက်ဆုံး ဘုရားရှင်ကဘာဟောသလဲဆိုတော့မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကိုဟောကြားတော်မှုပါတယ်။မဂ္ဂင်ရှစ်ပါးတရားတော်တွေကိုလဲ နာကြားပြီးရောရောဇမင်းသားဟာ ဒိဠိနဲ့ဝိစိကိစ္ဆာကင်းကွာ၊တဏှာ၊မာန၊ဒိဠိတွေခေါင်းပါးပြီး သောတာပတ္တိမဂ်ဥာဏ်၊ဖိုလ်ဥာဏ်ကိုရောက်ခဲ့ပါတယ်။သောတာပန်အရိယာဖြစ်ခဲ့ပါတယ်ဒီတော့သောတာပန်အရိယာဖြစ်ဖို့စတီရယ်ဒေါမြို့သူမြို့သားတွေလဲ ကြိုးစားကြဖို့တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။
စတီရယ်ဒေါမြို့ စံကင်း


No comments:

Post a Comment

စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့