ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ

Sunday 21 April 2013

၂၁-၄-၂၀၁၃ ရက်နေ့ ကျင်းပသည့် အစည်းအဝေးအစီအစဉ် မှတ်တမ်း



၂၁-၄-၂၀၁၃ ရက်နေ့ ကျင်းပသည့် အစည်းအဝေးအစီအစဉ် မှတ်တမ်း
၁။ ကဆုန်လပြည့်နေ့ ၂၄-၅-၂၀၁၃ ဘုရားအနေကဇာတင်ပွဲ
ဦးဇင်းမှ ဂျာမဏီသို့ကြွရောက်ရန်ရှိပါသဖြင့်ကြိုတင်ပြီးပြုလုပ်ရန် ၁၈-၅-၂၀၁၃ နေ့တွင်ပြုလုပ်ရန်။
ဆွမ်းအတွက်ကျောင်းတွင်ချက်ရန် နှင့်ဆွမ်းဟင်းကိုတအိမ်လျှင် တမျိုးစီစဉ်ချက်လုပ်လာရန်။
အစီအစဉ်
၈း၃၀ နာရီတွင် ဘုန်းကြီးကျောင်းသို့အရောက်လာရောက်ရန်
၁၀း၁၅ နာရီတွင် ဘုရားအနေကဇာတင်အခန်းအနားစတင်
၁၁း၃၀ တွင် ဆွမ်းဆက်ကပ်လှူဒါန်းရန်။
ဖိတ်ကြားမည့်အစီအစဉ်
ထရွန်းဟိန်းမြို့ရှိမြန်မာမိတ်ဆွေမိသားစုများအား ဦးခင်ဇော်မှ တာဝန်ယူဖိတ်ကြားရန်

၂။ ဆွီဒင်နိုင်ငံဘုန်းကြီးကျောင်းဖွင့်ပွဲ ၁၅-ဇူလိုင်-၂၀၁၃နေ့
ဆွီဒင်နိုင်ငံရှိဓမ္မမိတ်ဆွေများကဖိတ်ကြားထားသည့် ဘုန်းကြီးကျောင်းဖွင့်ပွဲသို့သွားရောက်နိုင်မည့်သူများ ရှိပါက ဦးခင်ဇော်ထံ ၅-ဇူလိုင်-၂၀၁၃ နေ့နောက်ဆုံးထားအကြောင်းကြားရန် နှင့် မော်တော်ယာဉ်ကိစ္စ စီစဉ်ရန်။
အလှူငွေများကို ၁၂ ရက်နေ့နောက်ဆုံးထားပြီးကိုကျော်မိုးထံ လှူဒါန်းငွေများပေးအပ်ရန်နှင့် အလှူငွေများ ကို စတီရယ်ဒေါမြို့မှဓမ္မမိတ်ဆွေများလှူဒါန်းသည့်ခေါင်းစဉ်ဖြင့်လှူဒါန်းမည်ဖြစ်သည်။

၃။ အထွေထွေ။
ဘုန်းကြီးကျောင်းအတွက်ဝယ်ယူလှူဒါန်းသည့် ငွေစာရင်းနှင့် ပရိဘောဂစာရင်း
ဘုန်းကြီးကျောင်းဆွမ်းပို့ရန်ကိစ္စ။
၂၁-၈-၂၀၁၃ ဗုဒ္ဒဟူးနေ့ ၀ါဆိုလပြည့်နေ့        
၁၇ ရက် စနေနေ့တွင်ဝါဆိုသင်္ဃန်းကပ်လှူပွဲပြုလုပ်ရန် နှင့် ၂၂ ရက်နေ့ညနေပိုင်းတွင် ၀ါဆိုပန်းကပ်ရန်။

အစည်းအဝေးတက်ရောက်သူများ
ဦးဇင်းထာဝရ နာယက ဆရာတော်
၁။ ခင်ဇော်
၂။ဌေးလွင်
၃။ ဇင်မာ
၎။ သန္တာ
၅။ကျော်မိုး
၆။ ဦးတင်ထွန်း
၇။ စိုးလေး
၈။ဒေါ်မြင့်မြင့်ဆွေ
၉။ နိုင်ပန်းညံ
၁၀။ မင်းလွင်ဦး
၁၁။ လင်းလင်းအေး
၁၂။အောင်ခန့်မော်

No comments:

Post a Comment

စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့