ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ

Tuesday 2 October 2012

နော်ဝေနိုင်ငံ ယာယီ ရတနာအောင်မြေကျောင်း၏ ကျောင်းထိုင်ဆရာတော် အရှင်ထာဝရ၏ ကိုယ်ရေးအကျဉ်း”


မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့၏အထွေထွေအတွင်းရေးမှူး အရှင်ထာဝရ၏ထေရုပ္ပတ္ထိ အရှင်ထာဝရ၏ ဖွားမြင်တော်မူခြင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး အရှင်ထာဝရသည် ဧရာဝတီတိုင်းဖျာပုံမြို့အနီး ခရီးတစ်ဆယ်ခြောက်မိုင်ခန့်အကွာ ကျုံးပိုင်းရွာတွင် မြန်မာအဆက်အနွယ်ဖြစ်သူ ကုန်သွယ်လယ်လုပ်မျိုးရိုးမှ ဆင်းသက်လာသော ခမည်းတော် ဦးထွန်းဝင်နှင့်သူကောင်းမျိုးရိုး၏ အဆက်အနွယ်ဝင်ဖြစ်သော မယ်တော် ဒေါ်လှကျင်တို့မှ သက္ကရာဇ် ၁၃၄၅-ခုနှစ်၊ ဥတုဂိမ္မန္တပြာသိုလ်လပြည့်ကျော် ၁၂နှစ်ရက် စနေနေ့ နံနက် အရုဏ်တက်၌ မီးရှူးသန့်စင် ဖွားမြင်တော်မူသောသားရတနာဖြစ်သည်။
ကျုံးပိုင်းရွှာကြီးသည် ဧရာဝတီမြစ်ကို မြစ်ဖျားခံသော ဘိုကလေးမြစ်နှင့်မြက်ကာကုန်းမြစ်၏ အရှေ့ဖက်ကမ်းခြေရှိ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် မြန်မာလူမျိုးတို့နေထိုင်ရာဒေသဖြစ်သည်။ သရက် ပိန္နဲ ငှက်ပျော အုန်း စသော စားသုံးဖွယ် အသီးအပင်တို့ဖြင့် တင့်တောင့်တင့်တယ် နေချင်စဖွယ်သော ဥယျာဉ်ခြံမြေတို့ဖြင့် စိမ်းလမ်းစိုပြေ၍ အေးမြချမ်းသာ စိတ်နှလုံး မွေ့လျော် သာယာလှပေသည်။
အစိုးရကျောင်းနှင့်ကျောင်းကန်ဘုရားတို့ဖြင့်လည်း သားနားခန့်ထည်သည့် ပတိရူပအရပ်ဖြစ်ပေသည်။ ခမည်းတော် မယ်တော်တို့သည် သားဦးရတနာ ဖွားမြင်စ၌ပင် သားဖြစ်သူကို အေးအတိတ်နှင့် အေးနိမိတ်ဆောင်ယူကာ "မောင်ထွန်းထွန်းအေး"ဟု အမည်သညာမှည့်ခဲ့ကြသည်ခမည်းတော်မယ်တော်တို့သည်လည်းမောင်ထွန်းထွန်းအေးတနှစ်သားလောက် အရောက်တွင်ဒုက္ခမျိုးစုံတွေကြလေသည်။အရှင်ထာဝရ၏ ပညာသင်စကလေးဘ၀ ခမည်းတော် မယ်တော်တို့ ဒုက္ခတွေ ပင်လယ်ဝေနေကြပြီးနောက် မောင်ထွန်းထွန်းအေးအား ဘကြီးတော် အရင်းဖြစ်သူ နော်တော်ကြီးရွာသူကြီး ဦးအောင်တင်နှင့် ဒေါ်တင်ရီတို့က တလှည့်စီ မွေးစားကြရန် သဘောတူကြလေသည်။ 

မိမိ လူမှန်းသိသောအခါ ကြီးတော် အရင်းဖြစ်သူ ဒေါ်တင်ရီကိုပင် အမေအရင်းဟု မှတ်ထင်နေသည်။ မောင်ထွန်းထွန်းအေး လေးနှစ်သားလောက်ရောက်သောအခါ အိမ်မှာပင် ကကြီး ခကွေး သင်ပေးကြလေသည်။ ငါးနှစ်သားတွင် မြန်မာစာ ရေးဖတ်တတ်ပြီး ဘုရားရှိခိုး လင်္ကာအချို့နှင့် မင်္ဂလသုတ်ပါဠိအနက်ကို နှုတ်တက်ရပြီးဖြစ်သည်။ ဘကြီးတော်နှင့်ကြီးတော်တို့သည် မောင်ထွန်းထွန်းအေး ၅-နှစ်အရွယ်တွင် သဲအိမ်ကျောင်းစုတေဇိန္တာရာမကျောင်းတိုက် သုဓမ္မာဂိုဏ်၏ ဦးစီးနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် သဲအိမ်ကျောင်းစုတေဇိန္ဒရာမကျောင်းရွာ ဆရာတော်ကြီးထံ အပ်နှံကြလေသည်။ ၎င်းသည် ဆရာတော်ကြီးသင်ပြသည့် မင်္ဂလသုတ်, အပြင်အောင်ခြင်း, အတွင်းအောင်ခြင်း, နမက္ကာရ, လောကနီတိ, ပရိတ်ကြီး ၁၁-သုတ်တို့ကို ပါဠိအနက် ညက်ညက်ကြေစွာတတ်မြောက်လေသည်။မောင်ထွန်းထွန်းအေး၁၀-နှစ်သားအရွယ်တွင်၎တန်းအောင်ခဲ့သည်။
 

အရှင်ထာဝရ၏ရှင်သာမဏေဘ၀မောင်ထွန်းထွန်းအေး အသက် ၈-နှစ်အရွယ်သို့ရောက်သောအခါ ဘကြီးတော် သူကြီးမင်းက ကျောင်းရွာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေအဖြစ်ဖြင့် ဗုဒ္ဓသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ ကျေးဇူးရှင် ဥပဇ္ဈာယ်ဆရာတော်ကြီးက ဇာတ်ကြီးဆယ်ဘွဲ့ရေး မင်းဘူးဆရာတော် ဦးသြဘာသအား ပုံစံထား၍ ရှင်နန္ဒောဘာသဟု အမည်ပေးခဲ့သည်။ သို့သော် မိမိအား ရှင်သာမဏေဘ၀နှင့် ၉-ရက်သာ ထားပြီး ငယ်သေးသည်ဟု အကြောင်းပြကာ လူထွက်စေလေသည်။


ဒုတိယအကြိမ် မောင်ထွန်းထွန်းအေး ၈-နှစ်သား ၂-တန်းအောင်ပြီးချိန်၌ ဘကြီးတော် သူကြီးမင်း ဦးအောင်တင်နှင့် မွေးစား မယ်တော်ကြီးဒေါ်အရင်းဖြစ်သူ ဒေါ်တင်ရီတို့ကပင် ရှင်ဒါယကာ ဒါယိကာမ အဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းခဲ့ကြပြန်ပါသည်။ ဒုတိယအကြိမ် ရှင်ပြုပွဲကို အငြိမ့်ပွဲ ဆိုင်းဝိုင်းကြီးတို့ဖြင့် ခြိမ့်ခြိမ့်သဲမျှ စည်ကားစွာ ဆင်နွှဲပြုလုပ်ပါသည်။



မောင်ထွန်းထွန်းအေး၏ မွေးစားအမေသည်ကြီးတော်အရင်းဖြစ်သူ ဒေါ်တင်ရီ ဖြစ်သည်။ မွေးစားအဖေသည် ဦးအောင်တင်ဖြစ်သည်။ ယင်းဦးအောင်တင်သည် ကြီးတော်နှင့်စပ်မှ ဘကြီးတော်သူဖြစ်သည်။ ဤသို့ဖြင့် မိမိအား ၁၃၆၅-ခုနှစ် တခူလပြည့်ကျော်၁-ရက် စနေ့နေ၌ သဲအိမ်ကျောင်းစုကျောင်းဆရာတော်ကြီးကပင် ဥပဇ္ဈာယ်ပြုကာ သာမဏေအဖြစ်ဖြင့် ချီးမြှင့်ပေးခဲ့သည်။ ရှင်နန္ဒောဘာသာသည် ၁၅-နှစ်အရွယ်၌ ပထမငယ်တန်းကိုအောင်မြင်ခဲ့သည်။ ၁၉-နှစ်အရွယ်၌ ပထမလတ်တန်းပထမကြီးတန်းအောင်မြင်ခဲ့သည်။ အထက်ပါစာမေးပွဲများကို ခရမ်းမြို့ ကိုင်းကုန်းပါဠိ တက္ကသိုလ်ကျောင်းတိုက် မှလက်မှတ်ထိုး ကာဖြေဆိုအောင်မြင်ခဲ့သည်။



အရှင်ထာဝရ၏ရဟန်းဘ၀မြင့်မြတ်လှဆရာတော်လောင်းလျာ သာမဏေ ရှင်နန္ဒောဘာသသည် အသက် ၂၀-သို့ ရောက်သောအခါ မူလကျေးဇူးရှင် သဲအိမ်ကျောင်းစုရွာဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ကိုးအိမ်းတန်းကျောင်းသိမ်တော်ကြီး၌ ၂၀၀၃-ခုနှစ်၊ တန်းခူးလပြည့်ကျော်တစ်ရက် (၁) ရက် တနင်္ဂနွေနေ့နံနက် ၉-နာရီအချိန်မှာ ကာရက သံဃာတော် သုံးကျိပ် ခြောက်ပါးတို့နှင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ကြိုတင်လျှောက်ထားသော ပစ္စယာနုဂ္ဂဟ ခေါ် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများမှာ အဘွားဖြစ်သူ ဒေါ်လှရွှေအားအမှုထား၍ဦးအေင်တင်-ဒေါ်တင်ရီတို့ဖြစ်ကြသည်။
 

အရှင်ထာဝရ၏စာပေခရီးတိုးချဲ့ခြင်းယင်းတိုက်၌လေးနှစ်, လေးဝါတိုင်တိုင် အောက်ပြည်အောက်ရပ်ပြန် မကြွဘဲ ဆက်တိုက်နေခဲ့သည်။ ပိဋကသုံးပုံ ပါဠိတော်ကို အဋ္ဌကထာဋီကာတို့နှင့် တွဲဖက်သင်ယူရာ နှစ်ခေါက်လောက်ပင် ပေါက်ရောက်ခဲ့သည်။ မိမိ၏ စာချအကျော် ဆရာတော်များ ဖြစ်ကြသည်။ ၄-နှစ်စေ့၍ မန္တလေးမြို့သို့ စာပေခရီးဆက်ခဲ့ပြန်သည်။ မန္တလေးမြို့ လေးပြင်လေးရပ်နာမည်ကြီးလှသောစာချဆရာတော်များထံ ပါဠိ, အဋ္ဌကထာ, ဋီကာ အယူအဆ အတွေးအခေါ် အဆုံးအဖြတ်တို့ကိုသင်ကြားမှတ်သားခဲ့ပါသည်။

အရှင်ထာဝရ၏သာသနာရေးကိစ္စကိုဆက်လက်ဆောင်ရွက်ခြင်း

၁။တောင်းတန်းသာသနာပြု လုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်သည် ဒကာဒကာမများ လှူဒါန်းကြ၍ ရရှိလာသော န၀ကမ္မများနှင့် ပစ္စည်းလေးပါးတို့ကို ပြန်လည် လှူဒါန်းခြင်း၊ ရေတွင်းရေကန်များလှူဒါန်းပြုပြင်ခြင်း၊ စာကြည့်တိုက်များနှင့် လိုအပ်သူများသို့ စာအုပ်စာတမ်းများ လှူဒါန်းခြင်း မိမိဇာတိရပ်ရွာဖြစ်သည့် နောင်တော်ကြီးရွာတို့၌ စသည့်ပါရမီအမျိုးမျိုးကိုဖြည့်ဆည်းဖြစ်ပါသည်။ ၈၈-အရေးအခင်းကာလနောက်ပိုင်းတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ကူညီပြီး သတင်းအမှန်ရရှိ စိစစ်နိုင်ရေးအတွက် ငယ်စဉ်ဘ၀ကစ၍ ဘီဘီစီ စသော ပြည်ပအသံလွှင့်ချက်များကို နားထောင်တော်မူလေ့ရှိပါသည်။ ၀ိနည်းတော်နှင့် အညီနေထိုင်နိုင်လျက်ပြီး သာသနာတော်အတွက် ၂၀၀၇ကစ၍ မိမိကိုယ်တိုင်  တော်လှန်ရေး လမ်းချောင်ပေါ်သို့  ခြေချပြီးအားတက်သရော  ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
အရှင်ထာဝသည့် အခုအခါ သာသနာပြုခရီးဖြင့် အာရှနှင့်ယူတိုးနိုင်ငံများတွင်း သာသနာပြုလျှက်ရှိပါသည်။ အခုအခါ  နော်ဝေနိုင်ငံ  ရတနာအောင်မြေကျောင်းတိုက်တွင်  သီးတင်းသုံးနေထိုင်းပါတယ်။ ရတနာအောင်မြေကျောင်း မိသားစုများမှာ မှတ်တမ်းပြုပါသည်။

 

No comments:

Post a Comment

စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့