ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ

Wednesday 17 October 2012

ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ မိမိတို့သန္တာန်မှာ ထားရှိရမည့် ကိုယ်စောင့်တရား(၄)ပါးမှာ -

ကိုယ်စောင့်တရား()ပါးထားပါ။
•••••••••••••••••••••••••••••
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ မိမိတို့သန္တာန်မှာ ထားရှိရမည့် ကိုယ်စောင့်တရား()ပါးမှာ -
၁။ ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်ဖန်ပွားများခြင်း။
မိမိစိတ်၌၊ အမှန်ကို ကျော်သွားပြီး၊ အမှားကိုသိတတ်သည့် "မောဟ" ဖြစ်တာများသည်ဟု သိရသောအခါ . . "အရဟံ = ကိလေသာရန်သူကို ပယ်သတ်တော်မူသော မြတ်စွာဘုရားပါတကား။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားတို့ကို၊ မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူသော
မြတ်စွာဘုရားပါတကား" စသည်ဖြင့်၊ ဂုဏ်တော်()ပါးလုံးကိုဖြစ်စေ၊ တစ်ပါးပါးကိုဖြစ်စေ၊ ပွားများခြင်းဖြင့်၊ကိုယ်စောင့်တရားချထားကြရမည်။
၂။ မေတ္တာ = အကျိုးကိုလိုလားသောအားဖြင့်၊ ချစ်ခင်ခြင်း၊ မေတ္တာကို အဖန်ဖန်ပွားများခြင်း။
မိမိစိတ်၌၊ မိမိကိုလည်း ဖျက်ဆီးတတ်၊ သူတစ်ပါးတို့ကိုလည်း ဖျက်ဆီးတတ်သော "ဒေါသ" ဖြစ်တာများသည်ဟု သိရသောအခါ . .
"
ငါသည်၊ ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ ချစ်ခင်အပ်သောပုဂ္ဂိုလ်တို့သည်, မချစ်လွန်း မမုန်းလွန်းသောပုဂ္ဂိုလ်တို့သည်, ရန်သူဖြစ်သောပုဂ္ဂိုလ်တို့သည်, အရပ်ဆယ်မျက်နှာနေ အားလုံးသော သတ္တ၀ါတို့သည်၊
ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ"ဟု၊ အစဉ်အတိုင်း ပွားများခြင်းဖြင့်၊ ကိုယ်စောင့်တရား ချထားကြရမည်။
၃။ အသုဘ = မိမိခန္ဓာကိုယ်၊ သူတစ်ပါးခန္ဓာကိုယ်တို့၌၊ အသုဘဟု ထင်မြင်အောင်ပွားများခြင်း။
မိမိစိတ်၌၊ မိမိခန္ဓာကိုယ်ကိုလည်း တပ်မက်၊ သူတစ်ပါးတို့၏ ခန္ဓာကိုယ်ကိုလည်း တပ်မက်နှစ်သက်တတ်သော "လောဘတဏှာ" ဖြစ်တာများသည်ဟု သိရသောအခါ . .
"
ဤကိုယ်၌၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
(၃၂)ပါးသော အဖို့အစုတို့သည်၊ အဆင်း, အနံ့, သဏ္ဍာန်, တည်ရာအရပ်, မှီရာအကြောင်းအားဖြင့်၊ စက်ဆုတ်စရာ၊ ရွံစရာ ဖြစ်ကုန်၏။ မတင့်တယ်ကြကုန်။ အသုဘသာ ဖြစ်ကုန်၏"ဟူ၍၊ အသုဘကမ္မဋ္ဌာန်း ပွားများခြင်းဖြင့်၊ ကိုယ်စောင့်တရား ချထားကြရမည်။
၎။ မရဏဿတိ = မိမိ၌ရှိနေသော သေခြင်းသဘောကို၊ ထင်မြင်အောင် ပွားများခြင်။
မိမိ၏စိတ်၌၊ ထောင်လွှားတတ်သည့် "မာန" ဖြစ်တာများသည်ဟု သိရသောအခါ . . "ငါသည် ဧကန်မုချ သေရလတ္တံ့။ ထွက်သက်မှ ၀င်သက်တိုင်ရုံလောက်ကြာအောင်၊ အသက်ရှည်လျှင် တော်ပေစွ။ ၀င်သက်မှ ထွက်သက်တိုင်ရုံလောက်ကြာအောင်၊ အသက်ရှည်လျှင် တော်ပေစွ။ ဧကန်မုချ ငါ သေရလတ္တံ့"ဟူ၍မရဏဿတိပွားများကာ၊ကိုယ်စောင့်တရားချထားကြရမည်။
ဤကိုယ်စောင့်တရား ()ပါးရှိသော ပုဂ္ဂိုလ်တို့သည်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်သည်အထိ၊ ၀ိပဿနာတရား အားထုတ်ကြသောအခါ၊ တရားမတွေ့သေးသော ပုဂ္ဂိုလ်တို့မှာ၊ လျှင်မြန်စွာ တရားတွေ့ကြမည် ဖြစ်ပေသည်။ တရားတွေ့ပြီးသော ပုဂ္ဂိုလ်တို့မှာ၊ လျှင်မြန်စွာ တရားတက်ကြမည် ဖြစ်ပေသည်။ တရားထူးတရားမြတ်များ ရထိုက်သော ပုဂ္ဂိုလ်တို့မှာ၊ တရားထူး တရားမြတ်များ လျှင်မြန်စွာ ရကြမည်ဖြစ်ပေသည်။

(
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး)


No comments:

Post a Comment

စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့