ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ
Friday, 29 March 2013
Sunday, 24 March 2013
Sunday, 3 March 2013
Saturday, 23 February 2013
ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲ အခမ်းအနား Aristiansund
ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနား ကိုမျိုးသိန်းစိန်း မကြည်ကြည်စိုးမိသားစု Aristiansundမြို့ နော်ဝေနိုင်ငံ နတ်လူသာဓုခေါ်စေသော်။
သာဓု သာဓု သာဓုဘုရား
Friday, 22 February 2013
တပို့တွဲလပြည့်နေသည်သြဝါဒ ပါတိမောက် အခါတော်နေ့
သြဝါဒ
ပါတိမောက် အခါတော်နေ့..
တပို့တွဲလပြည့်
ဆိုတာကတော့ ဘုရားရှင်တိုင်းသည်
တပည့်သားတို့အား သြဝါဒပေး
တော်မူ သည်ကိုအကြောင်းပြု၍
အဲဒီနေ့ကို သြဝါဒပါတိမောက်
အခါတော်နေ့ လို့သတ်မှတ်ရတာ
ဖြစ်ပါတယ်။
တပို့တွဲ
လပြည့် ရဲ့ ထူးခြားချက် တွေက
တော့အများကြီး ပါပဲ။
အရှင်သာရိပုတ္တရာ
ရဟန္တာ ဖြစ်တော်မူသောနေ့ဖြစ်ခြင်း။
ပညာ အရာ
ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာ
နဲ့ တန်ခိုးအရာ ဧတဒဂ်ရတဲ့
အရှင်မောဂ္ဂလန် တို့ ဧတဒဂ်ရတဲ့နေ့
ဖြစ်ခြင်း။
အင်္ဂါ
လေးရပ်နဲ့ ပြည့်စုံသော ရဟန်း
ပရိသတ်တို့ အလိုအလျောက်
စုဝေး မိသောနေ့ဖြစ်ခြင်း။
ဘုရားရှင်
အဆုံးအမ သြဝါဒ နှင့် ပညတ်တော်
မူအပ်သော သိက္ခာပုဒ်များကို
ပါတိမောက်လို့ ခေါ်ပါတယ်။
ဘုရားရှင်အားလုံး သြဝါဒ
ပါတိမောက် ဂါထာကို ရွတ်မြဲ
ပြမြဲ ဖြစ်ပါတယ်။
အပါယ်ဘေးမှ
ကင်းဝေးစေတဲ့ အဆုံးအမကို
သြဝါဒလို့ခေါ်ပါတယ်။ ထိုသြဝါဒ
မိန့်ကြားတော်မူခြင်းကို
သြဝါဒ ပါတိမောက်ပြတယ်လို့ခေါ်ဆိုရပါတယ်။
အဲဒီပါတိမောက်က
သြဝါဒပါတိမောက် နဲ့ အာဏာ
ပါတိမောက် ဆိုပြီး နှစ်မျိုး
နှစ်စား ရှိပါတယ်။ သြဝါဒ
ပါတိမောက်ကို မြတ်စွာဘုရားတို့သာ
ပြုခွင့်ရှိပါတယ်။ တပည့်သာဝက
တို့ ပြခွင့်မရှိပါဘူး။
တပည့်သံဃာတွေက အာဏာပါတိမောက်ကိုသာ
ပြခွင့်ရှိပါတယ်။
သက်တော်ရှည်တဲ့
ဘုရားရှင်တို့ဟာ သြဝါဒပါတိမောက်
ကို အသက်ထက်ဆုံး ပြတော်မူကြပါတယ်။
သက်တမ်းတိုသောဘုရားရှင်တို့သည်
သြဝါဒပါတိမောက်ကို ဝါတော်
-၂၀
အတွင်းမှာသာ ပြတော်မူကြပါတယ်။
လောဘ၊ဒေါသ
၊ မောဟ စရိုက်များများထူပြောချိန်တွင်
သြဝါဒတည်မြဲရန် ခဲယဉ်းသောကြောင့်
၊ ဝါတော် -၂၀
လွန်လျှင်၊ တပည့်သံဃာတို့အား
၊ အာဏာပါတိမောက်ကို ပြစေရပါတယ်။
ဘုရားရှင်တို့သည်
သြဝါဒ ပါတိမောက်ကို
- တပို့တွဲ လပြည့်ကြုံကြိုက်ခြင်း ။
- ဧဟိဘိက္ခူ ၊ရဟန်းချည်းသာ ဖြစ်ခြင်း။
- ဆဠာ ဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း။
- မည်သူမှ မပင့်ဖိတ်ပဲ စုဝေးမိခြင်း။
ဤ
အင်္ဂါလေးချက်နဲ့ ပြည့်စုံမှ
ပြမြဲဖြစ်ပါတယ်။ဂေါတမမြတ်စွာဘုရား
သည် မဟာ သက္ကရာဇ်၊ ၁၀၃ ခုနှစ်၊
တပို့တွဲလပြည့်နေ့တွင် ၊
အထက်ဖေါ်ပြပါ အင်္ဂါ လေးရပ်
နှင့်ပြည့်စုံသော ကဿပညီနောင်
ရှင်တစ်ထောင်၊ ရှင်သာရိပုတ္တရာ
နှင့် ရှင်မဟာမောဂ္ဂလန် နှင့်
တပည့်ရဟန်း ၂၅၀ စုစုပေါင်း
ရဟန္တာ ၁၂၅၂ ပါးတို့အား
ဂါထာသုံးပုဒ် ၊ ဖြင့် သြဝါဒ
ပါတိမောက်ပြတော်မူခဲ့ပါတယ်။
သြဝါဒပါတိမောက်ဂါထာ
ဟာ သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား
လို့ ပိဋကတ်သုံးပုံ အနှစ်ချုပ်တရား
လို့ခေါ်ပါတယ်။ သြဝါဒ ပါတိမောက်
ဂါထာ အတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင်
ကိုယ်၊နှုတ်၊စိတ်ယဉ်ကျေး
လိမ္မာ ပြီး အို၊နာသေလွတ်တဲ့နိဗ္ဗာန်ကို
မလွဲမုချရောက်ကြရမှာ အမှန်ပါ။
ဘုရားရှင်
အဆူဆူတို့ဆုံးမမြဲဖြစ်တဲ့
သြဝါဒ ဂါထာ သုံးပုဒ်ကို
ပူဇော်ရင်း သြဝါဒ အတိုင်း
ကျင့်ကြံကြိုးကုတ် အားထုတ်
ကြရအောင် ရေးသား ချင်ပါတယ်။
၁။ ခန္တီ
ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ
ပရမံ ဝဒန္တိ ဗုဒ္ဓါ
န ဟိ
ပဗ္ဗဇိတော ပရူပဃာတီ၊
နသမဏော
ဟောတိ ပရံ ဝိဟေဌယန္တော။ ၁။
လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊
သည်းခံခြင်းတရားသည်၊ မြတ်သော
အကျင့်မည်၏၊ နိဗ္ဗာန်ကို
အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့သည်
ဟောတော်မူကုန်၏၊ ရဟန်းသည်
သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည်
မဟုတ်နိုင် မဖြစ်နိုင်၊
သူတစ်ပါးကို ညှဉ်းဆဲသူသည်
ရဟန်း မဟုတ်နိုင်ချေ။
၂။ သဗ္ဗပါပဿ
အကရဏံ၊
ကုသလဿ
ဥပသမ္ပဒါ။
သစိတ္တ
ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန
သာသနံ။ ၂။ အလုံးစုံသော
မကောင်းမူကို မပြုခြင်းလည်းကောင်း၊
ကုသိုလ်ကို ပြည့်စုံစေ
ခြင်းလည်းကောင်း၊ မိမိစိတ်ကို
ဖြူစင်စေခြင်းလည်းကောင်း၊
ဤတရားသုံးပါး သည် ဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။
၃။အနုပဝါဒေါ
အနုပဃာတော ၊
ပါတိမောက္ခေ
စ သံဝရော၊
မတ္တညုတာ
ဟ ဘတ္တသ္မိံ။
ပန္တဉ္စ
သယနာသနံ ။
အဓိစိတ္တေ
စ အာယာဂေါ ၊
ဧတံ ဗုဒ္ဓါန
သာသနံ။ ၃။ သူတစ်ပါးအပေါ်
မစွပ်စွဲခြင်းလည်းကောင်း၊
ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊
၂၂၇-သွယ်
သိက္ခာပုဒ်တော်တည်းဟူသော
ပါတိမောက်ကို စောင့်ထိန်းခြင်း
လည်းကောင်း၊ ဆွမ်း အစာအာဟာရ၌
အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊
ဆိတ်ငြိမ်၍ အစွန်အဖျားကျသော
ကျောင်းအိပ်ယာနေရာ၌
နေထိုင်ခြင်းလည်း ကောင်း၊
စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌
လုံ့လ အားထုတ်ခြင်း လည်းကောင်း၊
ဤအလုံးစုံသည် ဘုရားရှင်တို့၏
အဆုံးအမတော်ပေတည်း။
စာကိုး
===ဤစာစုကို
ဆရာတော် မာဂဓီ-သာစည်ရေးသားသော
အခါတော်နေ့များ စာအုပ်မှ
ကိုးကားရေးသား ပြီး အရှင်မြတ်နှင့်
တကွ၊ ဆရာတော် တော်ဝင်နွယ်၊
ဆရာကြီးဦးရွှေအောင်နှင့်တကွ
ဓမ္မစာပေရေးသား၍
သာသနာတော်ကိုစောင့်ရှောက်ကြသော
သံဃာတော် အရှင်သူမြတ်တို့အား
ရိုသေစွာ ကန်တော့လိုက်ပါတယ်။
https://www.facebook.com/notes/kyaw-san/
Thursday, 21 February 2013
Subscribe to:
Posts (Atom)