အရှင်ဘုရား
တပည့်တော်တို့ရဲ့ရန်သူကြီး
ရှင်ဒေ၀ဒတ် မြေမျိုးသွားပါပြီးဘုရား
လို့ ညီတော်အာနန္ဒာက
အားရ၀မ်းသာလျှောက်ပါတယ်။အဲဒီအခါမြတ်စွာဘုရားက
ရှင်ဒေ၀ဒတ်ရဲ့ကျေးဇူးကား
ငါဘုရား၊ငါဘုရားရဲ့ဓမ္မနှင့်သံဃာတော်အပေါ်
ကျေးဇူးကြီးမားပေစ္စလို့
မိန့်တော်မှုပါတယ်။
စတီရယ်ဒေါမြို့
ဒါယကာ၊ဒါယကာမတွေဟာ
နှလုံးသွင်းကောင်းခြင်းဆိုတဲ့
ယောနိသောမနသိကာရ၊ကောင်းသော
မိတ်ဆွေရှိရခြင်းဆိုတဲ့
ကလျာဏမိတ္တ ဒီတရားနှစ်ပါးနဲ့
ပြည့်စုံ တိုးတက်ကြီးပွားပြီး
မြင့်မားတဲ့ အသိဥာဏ်တွေ
ထွန်းကားပါတယ်။
ဒီနေ့ရာပြောစရာရှိတာကညီတော်အာနန္ဒာသဘောမပေါက်ပါ။အရှင်အာနန္ဒာကပုထုဇဉ်ရဟန်း၊မြတ်စွာဘုရား
က
သဗ္ဗညုတရွှေဥာဏ်တော်ရှင်ပါ။သဗ္ဗညုတရွှေဥာဏ်တော်ရှင်တော်ကို
သာမန်ပုထုဇဉ်ရဟန်းရဲ့
ဥာဏ်ကမလိုက်နိုင်မမီပါ။ဒါပေမယ့်
စတီရယ်ဒေါမြို့သူမြို့သားတွေ
သိထားရမှာက ငါတို့ဟာ
မြတ်စွာဘုရားလည်မဟုတ်၊ပုထုဇဉ်ရဟန်းဖြစ်တဲ့အရှင်အာနန္ဒာမဟုတ်ဘူးဆိုတာပါပဲ။အရှင်အာနန္ဒာသိထားသလို့
စတီဒေါမြို့သူမြို့သားတွေလဲ
သိထားတာကမြတ်စွာဘုရားတို့မည်သည်
ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို
ပြောလေ့မရှိပါ။
ဒါကြောင့်
စတီရယ်ဒေါမြို့သူ မြို့သားတို့
သူနားလယ်ဖို့ ညီတော်အာနန္ဒာက
အရှင်ဘုရား ရှင်းလင်းတော်မှုပါဘုရားလို့
ထပ်လျှောက်တော့ ချစ်သားအာနန္ဒာ
ရှင်ဒေ၀ဒတ်ကား
ငါဘုရား၏ရန်သူမဟုတ်၊ငါဘုရား၏ပါရမီဖြည့်ဘက်သာ
ဖြစ်ပေသည် လို့ထပ်မိန့်သတဲ့။
ဥပမာ
ထပ်ပြရင်တော့ စတီရယ်ဒေါမြို့သူမြို့သားတို့
ငယ်ငယ်ကနားလည်ခဲ့တာက
ပါရမီဖြည့်ဆိုတာ
ကိုယ့်အကြိုက်၊ကိုယ့်အလိုအကုန်ဖြည့်ဆည်းနိုင်တဲ့သူပြီးတော့မိမိရဲ့ဒုက္ခမျိုးစုံမျှဝေခံစားပြီးခါးစည်းခံတဲ့လူ၊
အေးအတူပူအမျှမခွဲမခွဲခံစားနိုင်စွမ်းရှိတဲ့သူလို့စတီရယ်ဒေါမြို့သူမြို့သားတွေနားလည်ခဲ့ကြမယ်ထင်ပါတယ်။
ပမာအားဖြင့်
ဝေဿန္တရာမင်းကြီးနန်းရပ်က
အနှင်းခံရစဉ်က တောထဲမှာ
သစ်ဥ၊သစ်ဖုရှာဖွေပြီး
မဒ္ဒီဒေ၀ီက မင်းကြီးတရားကျင့်တာကိုဖြည့်ခဲ့တာမျိုးပါ။ကိုယ့်ကိုယ်ကိုဆန်ကျင့်တဲ့သူ၊သုခကို
ဖြိုဖျက်တဲ့သူ၊ဒုက္ခပေးသူဟာပါရမီဖြည့်ဖတ်မဟုတ်ပါ၊ရန်သူပါပဲ၊သဘောထားကွဲလွဲတာတွေ၊အယူအအမြင်မတူတာတောင်
ရန်သူအဆင့်မဟုတ်ပေမယ့်ကိုးလိုးကန့်လန့်ကောင်၊ဆန့်ကျင်တဲ့ကောင်လို့မြင့်မိပါတယ်။လူတွေများသောအားဖြင့်
အသက်သာရလာကြတယ်။ရင့်ကျက်မှုတို့၊ပြည့်ဝမှုတို့ဆိုတာတွေဟာအတွေအကြုံနှင့်ပညာပြည့်ဝမှုတွေပေါင်းမှရတာပါ။စတီရယ်ဒေါမြို့သူမြို့သားတွေနားလယ်ထားရမှာက
ဘွဲ့တွေ၊အတန်းတွေအောင်ရုံဖြင့်
သဘောထားမြင့်မြတ်မှုမပါလားပါ၊အလုပ်တွေအများကြီးလုပ်မှ၊ပြီးတော့
ရတဲ့အတွေ့အကြုံတွေကို
ပညာနှင့်ပေါင်းပြီး
ကိုယ့ိကိုယ်ပြည့်အောင်
အမြဲဖြည့်ဆည်းတက်မှရတာပါ။
စာရေးသူ
မြန်မာနိုင်ငံမှာ နေတုန်းက
သူငယ်ချင်း ဘုန်းကြီးတစ်ပါးက
ထေရ၀ါဒသာသနာပြူကျောင်းမှာ
သူ အလုပ်ထွက်မယ်ဆိုပြီး
စာရွက်လေးကိုင်ပြီးလာပါတယ်။ဘာဖြစ်လို့လဲမေးတော့
သူဌာနမှုရှိတဲ့ သူလက်အောက်ပုဂ္ဂိုလ်တစ်ယောက်ကသူကိုအမြဲအပြစ်ပြောတယ်၊ဘာကောင်းအောင်လုပ်လုပ်၊အကုန်လုံးခွတိုက်၊အပြစ်ရှာပါသတဲ့၊ဌာနမှာလည်း
မဟုတ်ကဟုတ်ကတွေလိုက်ပြောပြီး၊သူကိုအပုပ်ချနေတယ်။ဒါကြောင့်စိတ်ညစ်လို့အလုပ်ထွက်တော့မယ်တဲ့၊ဆရာဘုန်းကြီးကလဲ
ကျောင်းတာဝန်လည်းမကြေ၊ပြီးတော့
ကျောင်းမှာလည်း စိတ်ညစ်နေရရင်ဘုန်းကြီးကလည်းအလုပ်ထွက်ခဲ့တော့တဲ့။ဒါကြောင့်မို့ထွက်ခွင့်ပြုပါလို့ပြောပါတယ်။တကယ်တော့
သူတို့အဆင့်ကို
စာရေးသူထွက်ခွင့်ပြုနိုင်တဲ့
အဆင့်မရှိပါ။စာရေးသူထောက်ခံတင်ပြပြီး
ခွင့်ပြုချက် ဆက်တောင်းရုံသာ
တက်နိုင်တာပါ။သူကိစ္စကို
ဘာမှမပြောခင် ဒီတော့ ဆရာတော်လေးရယ်
သူကို ရန်သူလိုမမြင်လား
ဆိုတော့ ရန်သူမဟုတ်ပေမယ့်
ကြည့်မရတာ၊မိတ်ဆွေလိုသဘောမထားနိုင်တာတော့
အမှန်ပဲကိုယ်တော် တဲ့ စာရေးသူက
ဒါဆိုရင် ပါရမီဖြည့်ဖတ်မဟုတ်ဘူးလားဆိုတော့
ဟာ ကိုယ်တော်ကလည် အံ့သြတဲ့မျက်နှာနှင့်ပြီးတော့မှာ ကြံကြံဖန်ဖန်ကိုတော်ရယ်၊ဘာဖြစ်လို့
ပါရမီဖြည့်ဖတ်ဖြစ်ရမှာလဲတဲ့
ကိုယ်တော်ကလည်မြတ်စွာဘုရားရဲ့
ပါရမီဖြည့်ဖတ်ဆိုတာ
ယသော်ဓရာ၊မဒ္ဒီဒေ၀ီတို့လောက်မှခံယူမထားလို့ပါ။ဒါနဲ့စာရေးသူလည်းအရှင်အာနန္ဒာက မြတ်စွာဘုရားကို
လျှောက်တဲ့ ဒေ၀ဒတ်မြေမျိုခန်းကိုပြောပြပါတယ်။
ညီတော်အာနန္ဒာကလည်း
နားမလည်လို့ အကျယ်ရှင်းပါဘုရား
လို့လျှောက်တဲ့အခါ မြတ်စွာဘုရား
ညီတော်အာနန္ဒာကို ငါဘုရား
ဒီပင်္ကရာဘုရားရှင်
လက်ထက်တော်ဘုရားဆုပန်ပြီးသည့်အချိန်ကစလို့
ယခုဘုရားဖြစ်တဲ့ဘ၀ထိ
ရှင်ဒေ၀ဒတ်ဟာ ငါဘုရားကို
အမြဲတမ်းဆန့်ကျင့်ခဲ့တယ်။သူက
ဆန့်ကျင်လေ ငါကကောင်းအောင်
လုပ်လေပဲ၊ငါဘုရားပါရမီနုစဉ်ကာလတွေမှာ
လုပ်ခဲ့တဲ့ အမှားတွေကို
သူကအပြစ်တင်၊အပုပ်ချတယ်၊ငါဘုရားက
အဲဒီလိုပြောတာတွေကို
အပြစ်မမြင့်ခဲ့ပါ။နောက်
သူအမြောမခံရအောင်
ကောင်းအောင်ပိုပြီးကြိုးစားပြင်ခဲ့ပါတယ်။သူရဲ့ကောင်းမှုကြောင့်
ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ဘုရားဖြစ်လာတဲ့
အခုဘ၀မှာတောင် ရှင်ဒေ၀ဒတ်ကြောင့်သာ
ငါဘုရားနဲ့ဓမ္မဟာ အခုလောက်မြန်မြန်
ဂုဏ်သတင်းမွှေးပြီး
ငါဘုရားရဲ့သံဃအဖွဲ့အစည်းဟာလည်း
ကျစ်လျစ်ခိုင်မာစွာ
ဖွဲ့စည်းနိုင်ခဲ့တာ၊ရှင်ဒေ၀ဒတ်က
သူရဲ့အဓမ္မနှင့်ပြိုင်လေ၊ဖျက်လေ၊ငါဘုရားရဲ့ဓမ္မက
ဂုဏ်သတင်းတက်လေ၊ရှင်ဒေ၀ဒတ်က
သံဃာအဖွဲ့အစည်းကို
ဖျက်လိုဖျက်ဆီးလုပ်လေ၊သံဃိကအဖွဲ့က
ပိုမိုကျစ်လျစ် ခိုင်မာလေပဲ။ငါဘုရားကို
ဆန့်ကျင်တာ လုပ်ရင်းလေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်
ပါရမီဖြည့်လိုက်တာ ဒီဘ၀မှာ
မြေမျို အ၀ီစီငရဲမှာ ကျခံတဲ့အထိ
ပါရမီဖြည့်သွားတာမို့
ကျေးဇူးရှင်လို့ ဆိုတာပါ
ချစ်သား အာနန္ဒာ။
စာရေးသူ
အပါဝင် လူသားတိုင်း လူတစ်ဦးတွင်
သီလ၊ ပညာထက်ပိုမိုမြင့်မြတ်သော
အရာမရှိကြောင်းနှင့်
မဇ္ဈိမလမ်းစဉ်သည် သီလ၊
ပညာဖြင့် ဖွဲ့စီထားခြင်းဖြစ်ကြောင်း
ရှင်းပြခဲ့သည်။ ဇာတ်စနစ်ကိုပယ်သည်။
ဒေ၀တာများကို ပူဇာတေးဖွဲ့သီနေရုံရုံ
သက်သက်ဖြင့် လွန်မြောက်မှုမရနိုင်ကြောင်း
ရှင်းပြသည်။ တည်ထောင်က
တည်းကပင် အနိုင်ယူလာခဲ့
သည်ဆိုနိုင်သော ဗုဒ္ဓ၀ါဒသည်ခိုင်ခိုင်မြဲမြဲ
အမြစ်တွယ်နေခြင်းမှာ
အံ့သြဖွယ်မဟုတ်တော့။ သီလ၊
ပညာ ဟူသော စနစ်များဖြင့်
ဖွဲ့သီထားသော ဗုဒ္ဓလမ်းစဉ်သည်
ဗြဟ္မဏ၀ါဒထက် အကျိုးပိုမိုသက်ရောက်
သည်ဟုဆိုခြင်းသည် မှန်ကန်သည်။
စာပေအနေအားဖြင့်လည်း
ပါဠိဘာသာသက်သက်သာမက
သက္ကတဖြင့်လည်းထွန်းတောက်
အောင်ဖော်
ဆောင်နိုင်ခဲ့သည်။
မြောက်ပိုင်း ဗုဒ္ဓဘာသာသည်
ဗြဟ္မဏကြီးများ အလေး အမြတ်ထားသော
သက္ကတဖြင့် ဗုဒ္ဓ၀စနများကို
ရေးသားဖွင့် ဆိုခဲ့ကြသည်။
တစ်ချိန်က ဗုဒ္ဓ၀ါဒမည်
မျှကြီးမားခဲ့ကြောင်းကို
အိန္ဒိယနိုင်ငံ၏ လူဦးရေ
သုံးပုံပုံ နှစ်ပုံသည် ဗုဒ္ဓ
လမ်းစဉ်ကိုလိုက်နာကျင့်
သုံးခဲ့ကြသည်ဟု ကမ္ဘာသိ
ဆိုခဲ့သည်။
အနုပညာလက်ရာ
အနေအားဖြင့် ရှေးအကျဆုံးလက်ရာများသည်
ဗုဒ္ဓ၀င်နှင့် သက်ဆိုင်ခဲ့
သည်။ ပညာရေး အတွက်
ဦးဆောင်ဦးရွက်ပြုခဲ့သည့်
အခန်းကဏ္ဍတွင် ဗုဒ္ဓတက္ကသိုလ်ကြီးများ
ထူထောင် ခြင်းက သက်သေခံ
လျက်ရှိသည်။ စစ်ပြုပြီးမှ
အနိုင်ရအောင်မြင်သော နောက်ပေါက်
ဘာသာတရားများ ပေါ်ထွန်း
လာသောအခါ ဗုဒ္ဓလမ်းစဉ်သည်
သီလ၊ ပညာနှင့် ငြိမ်းချမ်းရေး
ကို မြတ်နိုးသော လူသားကြီးတို့
နှလုံးသားတွင် ပိုမိုထင်ရှားလာသည်။
နှစ်ပေါင်းတစ်ထောင်ကျော်ကျော်အတွင်း
ဘာသာရေးအောင်မြင်ရေးအတွက်
လူ့အသက်ပေါင်း သန်းပေါင်း
များစွာ အသတ်ခံရပြီးမှ
အောင်ပွဲဆင် နယ်မြေလုလာခြင်းမျာကို
မျက်ဝါးထင်ထင်တွေ့ လိုက်ရသော
အခါ နှစ်ပေါင်း
နှစ်ထောင်ခြောက်ရာကျော်သက်တန်း
အတွင်း ဘာသာရေး အမည်ခံပြီး
သွေးတစ် စက် မြေမကျခဲ့သော
ဗုဒ္ဓ လမ်းစဉ်သည် အနှိုင်းမဲ့ဖြစ်လာသည်။
ငြိမ်းချမ်းရေးလိုလားသော
လူသားများ သည် ဗုဒ္ဓလမ်းစဉ်ကို
တပူတပြင်း ရှာဖွေလျက်ရှိသည်။
စတီရယ်ဒေါမြို့
စံကင်း
ဆက်လက်ဖော်ပြမည်။
No comments:
Post a Comment
စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့