ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ
Saturday 27 October 2012
ရိုးရာမပျက် ဆင်ယင်နွှဲ သီတင်းကျွတ်မီးထွန်းပွဲနှင့် နော်ဝေနိုင်ငံ ထရွန်းဟိုင်းမြို့ရောက်မြန်မာမိသားစုများ
ဒီနေ့တော့ ထရွန်းဟိုင်းမြို့ သို့ မကြာသေခင်ကရောက်ရှိလာကြတဲ့ ကိုသူရတို့ မြန်မာမိသားစုတို့ကနေ့ ရတနာအောင်မြေကျောင်းတိုက်မှာ ဆီးမီ(၁၃၇၄)တိုင်းကို မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုယ်ကို ရည်စူရည်မှန်း၍ လှူဒါန်းခြင်းနဲ့ပတ်သတ်ပြီး အများသူငါ့ သာဓု အနူမောဒပြုနိုင်ရန် အတွက် သြ၀ါဒကထာ အနည်းပြုပါအံ့။ဦးဇင်း မြန်မာ့ ရိုးရာဓလေ့ထုံတမ်းအစဉ်အလာအရ ဆင်ယင်ကျင်းပတဲ့ ပွဲတော်တွေထဲမှာ ဦးဇင်းအတွက်ကတော့ ၀သန် မိုးအကုန်၊ ဟေမာန်ဆောင်းအကူး မိုးငွေ့မစဲသေးတဲ့ ဟေမာန်ဆောင်းရနံ့သင်းနေတဲ့အချိန်မှာကျရောက်တဲ့ သီတင်း ကျွတ်မီးထွန်းပွဲတော်ကို အနှစ်သက်ဆုံးပါ။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ဆီမီးများ ထိန်လင်းနေအောင် ပူဇော်ထားပုံတွေ၊ စေတီ၊ ပုထိုးတွေမှာလည်း ဆီမီများ ပူဇော်ထားပုံတွေ၊ မိဘ၊ ဘိုးဘွား၊ ဆရာ၊ ဆရာမ၊ အကို၊ အမ များ၊ ဦးဦး၊ ဒေါ်ဒေါ်များအား ဂါရ၀ပြုကြပုံ၊ ဇီဝိတဒါန အလှူများ ကျင်းပကြပုံနဲ့ စုပေါင်း ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကျင်းပကြပုံ စသည်အားဖြင့် ကောင်းမှုကုသိုလ်များ ပေါင်းစုံရာ ဂါရ၀တရားကို အထူး အလေးပေး ကျင်းပတဲ့ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော်ကြီးကို အကြောင်းအရာ ရေရာသေချာစွာ မသိသေးခင် ငယ်စဉ် ကလေးဘ၀ ကတည်းကပင် အနှစ်သက်ဆုံး ဖြစ်ခဲ့ရတာပါ ။
ဒါယကာကိုသူရရေး
သီတင်းကျွတ်လပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ
အဘိဓမ္မာဒေသနာတော်ကို
ဝါတွင်းသုံးလ လုံးလုံး
တာဝတိံသာနတ်ပြည်မှာ
ဟောကြားတော်မူပြီးသောအခါမှာ
သင်္ကဿနဂိုရ်ပြည်ရဲ့ တောင်ဘက်
မုခ်တံခါးမှ တဆင့်
နတ်ဗြဟ္မာများခြံရံပြီးသောအခါ
သီတင်းကျွတ်လပြည့်ညမှာ
လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူပါတယ်။
လူ့ပြည်မှလည်း အရှင်သာရိပုတ္တရာ
ဦးဆောင်တော်မူသော
ရဟန်းသံဃာတော်များ၊
လူပုဂ္ဂိုလ်များက မြတ်စွာဘုရား
ကြွှဆင်းရာ လမ်းတလျှောက်တွင်
ပန်းနံ့သာများခင်းကျင်းပြီး
ဆီမီးများထွန်းညှိလျှက်
မြတ်စွာဘုရား ရှင်ကို ပူဇော်
ကန်တော့ကာ ကြိုဆိုကြပါတယ်။
ထိုအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့
ရောင်ခြည်တော်ဟာ လူ့ပြည်၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်များသို့တိုင်အောင်
ထွန်းလင်းစေပြီး လူ၊ နတ်၊
ဗြဟ္မာတို့ကလည်း တစ်ဦးနဲ့တစ်ဦး
ထင်ရှားစွာ တွေ့မြင်နိုင်ကြပါတယ်လို့
သိရပါတယ်။ ဒါယကာကိုသူရတို့ဟာ
အခုဖော်ပြပေးခဲ့တဲ့ သမိုင်းဖြစ်စဉ်
အကြောင်းတရားလေး ကို
သိရှိထားကြမယ်ဆိုရင့်ဖြင့်
သီတင်းကျွတ် လပြည့်နေ့မှာဆိုရင်
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ
ပြန်လည် ကြွဆင်းတော်မူသော
မြင်ကွင်းဟာ မည်မျှလောက်
သာယာကြည်နူးဖွယ်ကောင်းမည်ကို
မှန်းဆပြီး ကြည်ညိုနိုင်ပါတယ်
။ ဒါကြောင့် ယနေ့ခေတ်မှာတော့
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ
ပြန်လည်ကြွချီ တော်မူသော
သီတင်းကျွတ်လပြည့်နေ့ကို
ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း
(၁၄)
ရက်ကို
သီတင်း ကျွတ်လပြည့်နေ့
(အဘိဓမ္မာအခါတော်နေ့)ရယ်လို့
သတ်မှတ်ပြီး သီတင်းကျွတ်လပြည့်နေ့နှင့်
သီတင်းကျွတ် လပြည့်ကျော်
(၁)
ရက်နေ့တို့ကို
ဆီမီးထွန်းပွဲအဖြစ် သတ်မှတ်ပြီး
နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်
ကျင်းပပူဇော် ကြခြင်းဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ညမှာ
ဒါယကာကိုသူရတို့ ဗုဒ္ဓဘာသာဝင်များအနေနဲ့
မိမိတို့ ထွန်းညှိပူဇော်
သော ဆီမီးများကို ပူဇော်ရာမှာ
မြတ်စွာ ဘုရားရှင်ကို ကြည်ညိုသော
သဒ္ဓါတရားဖြင့် ပူဇော်ဆည်းကပ်ပါသည်ဟု
နှလုံးသွင်းပူဇော်ပြီး
သီတင်းကျွတ် မီးထွန်း ပွဲတော်ကို
အနှစ်သာရပြည့်ပြည့်ဖြင့်
ကျင်းပပူဇော်သင့်ပါတယ် ။
ထို့အပြင်
သီတင်းကျွတ်ပွဲတော်ကျင်းပသည့်
လနှင့်အတူ ဆက်စပ်နေသည့်
မွန်မြတ်တဲ့အလှူကတော့
ဒါယကာကိုသူရတို့သိထားရမှာက
ကထိန် သင်္ကန်းအလှူပါ။ “
ကထိန်သင်္ကန်းအလှူက တခြားသော
လှူဖွယ်တို့ကဲ့သို့
လှူချင်သည့်အချိန် လှူခွင့်မရပါ။
သတ်မှတ်ထားသော သီတင်းကျွတ်လပြည့်ကျော်
(၁)
ရက်နေ့
မှ တန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လ တိတိ အချိန်ကာလအတွင်းသာ
လှူခွင့်(ကထိန်ခင်းခွင့်)
ရှိပါတယ်။
လှူဖွယ်ပစ္စည်းများ အနေဖြင့်လည်း
သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်
(နှစ်ထပ်)
သင်္ကန်းတို့တွင်
တစ်မျိုးမျိုး ဖြစ်ရပေမည်။
(တခြားသော
လှူဖွယ်ပစ္စည်းများကို
အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည်။)
လှူနည်း
အားဖြင့် သံဃိကဒါနအဖြစ်
သံဃာအား ရည်စူးလှူဒါန်းရမှာဖြစ်ပြီး
(ပုဂ္ဂိုလ်စွဲအဖြစ်
ပုဂ္ဂလိကဒါနအဖြစ် လုံးဝ
မလှူကောင်းပါ)၊
သံဃာတော်များမှ ထိုသင်္ကန်းကို
အလှူခံယူပြီး သိမ်အတွင်း၌
ဉတ်ကမ္မ ၀ါရွတ်ဖတ်၍ သင့်လျော်သည့်
ရဟန်းတစ်ပါးပါးအား လှူဒါန်းရပါတယ်၊
ဉတ်ကမ္မ၀ါရွတ်ဖတ်ပြီး
လှူဒါန်းရသော သင်္ကန်းဖြစ်ခြင်းကြောင့်
“ ဉတ် သင်္ကန်း “ ဟုခေါ်ဆိုကြသည်။
အလှူခံသော ရဟန်းမှလည်း ပုရိမ၀ါ
ကပ်၍ (၀ါမကျိုး
မပျက် သော)
သီတင်း
ကျွတ်လပြည့်နေ့၌ ၀ါမှကျွတ်သော
ရဟန်းတော်များသည်သာ
အလှူခံခွင့်ရှိလေ သည်။
(ထိုရဟန်းများတွင်လည်း
ဆင်းရဲနွမ်းပါးဆုံးဖြစ်သော
ရဟန်းကို ပထမဦးစားပေး၍
လှူဒါန်းရမည်သာ ဖြစ်ပေသည်။)
ထိုသို့သော
ရန်ဟန်း မရှိ မှသာ မထေရ်ကြီး
စသည့် ရဟန်း တစ်ပါးပါးအား
လှူဒါန်းရမှာ ဖြစ်ပါတယ်။
အကျိုးအားဖြင့် ကထိန် အာနိသင်
ရသော (ကထိန်ခံသော
ရဟန်းနှင့် အနုမောဒနာပြုသော)
ရဟန်းတော်များသည်
ဝိနည်း သိက္ခာပုဒ်နှင့်
သက်ဆိုင်သည့် ကင်းလွတ်ခွင့်
(၅)မျိုးကို
သီတင်းကျွတ်လပြည့်ကျော်
(၁)
ရက်နေ့မှ
တပေါင်း လပြည့် နေ့အထိ (၅)လ
တိုင် တိုင် ရရှိကြလေသည်ဟု
” မှတ်သားထားရမယ်။ ထို့ကြောင့်
ကထိန်သင်္ကန်းအလှူ သည် တစ်နှစ်မှာ
တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ
တစ်ကျောင်း (တစ်ကြိမ်)သာ
လှူခွင့်ရှိပါတယ်လို့
သီတင်းကျွတ် အခါသမယနှင့်
တိုက်ဆိုင်သည့် ကထိန်
သင်္ကန်းအလှူအကြောင်းကိုလည်း
ဗဟုသုအဖြစ် အကျဉ်း ဖော်ပြပေးခြင်းမျှသာ
ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့
အလှူမို့လည်း “ ကျောင်းမှာ
သိမ်၊ သင်္ကန်းမှာ ကထိန် “ ဟူသော
ဆိုရိုးစကားလေး အဆိုရှိခဲ့တာ
မဟုတ်လား ဒါယကာကိုသူရ ။
ဒီတော့
ဒါယကာကိုသူရရေ သီတင်းကျွတ်
လပြည့်နေ့မှာ ဘာကြောင့်
ဆီမီးပူဇော်ခဲ့ခြင်းအကြောင်းပြီးတဲ့အခါ
သံဃာတော်များနဲ့ စပ်ဆိုင်တဲ့
အကြောင်းတရားဖြစ်တဲ့ ၀ါတွင်း
(၃)လ
ကာလအတွင်း မြတ်ဗုဒ္ဓ၏ တပည့်သား
သံဃာတော်များ အတွက်သည် လည်း
အကြောင်း ကိစ္စမရှိ လျှင်
ဝါဆိုသောကျောင်းမှ တခြားအရပ်များသို့
လှည့်လည်သွားလာခွင့်
(ကြွရောက်ခွင့်)
မရှိ၊
ဝါတွင်းသုံးလ လွန်မြောက်၍
သီတင်းကျွတ်သောအခါတွင်မူ
မိမိ သွားလိုသော (ကြွရောက်လိုသော)
နေရာ
ဌာနများသို့ လွပ်လပ်စွာ
သွားလာခွင့် (ကြွရောက်ခွင့်)
ရှိသည်ဟု
မှတ်သားရသည်နှင့်အညီ မိမိတို့လို
လူသားများ အနေ ဖြင့်သာမက
သံဃာတော်များအတွက်ပါ
ကောင်းမွန်သော အဓိပ္ပါယ်များစွာနှင့်
ကျင်းပတဲ့ သီတင်းကျွတ်
မီးထွန်း ပွဲတော်လေး
ပဲဖြစ်ပါတယ်ဆိုတာကို အနှစ်သာရ
ပြည့်ပြည့်စုံစုံနဲ့
သိရပါမယ်နော် ဒါယကာကိုရသူ။
ဒါကြောင့်လည်း ရှေးစာဆိုများက
“၀ါလကင်းလွတ် သီတင်းကျွတ်”
ရယ် အဓိပ္ပါယ် ပြည့်နှက်နေတဲ့
စာဆို ထားရှိခဲ့ခြင်းဖြစ်တယ်လို့
သမိုင်းမှတ်တမ်းဖတ်ရင်းဖြင့်
အသိ တစ်ခုတိုးပွားခဲ့ရပါမယ်။
သီတင်းကျွတ်ပွဲတော်
ကျရောက်ချိန်ဟာ ပွင့်လင်းရာသီအစမှာ
ဖြစ်သလို အေးချမ်းသာယာတဲ့
သဘောတရား နဲ့ပြည့်နှက်နေတဲ့
မိုးအကုန် ဆောင်းအကူး ကာလမှာ
ဖြစ်ပါတယ်။ လူသားတိုင်းရဲ့
စိတ်နှလုံးကို ကြည်လင်အေးမြ
စေတဲ့ ရာသီအချိန်အခါလို့
ဆိုချင်ဆိုနိုင်ပါတယ်
။ဦးဇင်းတို့အခုရောက်နေတဲ့
နော်ဝေနိုင်ငံမှာတော့ အခုစပြီး
စနိုးတွေကျနေပြီးဆိုတော့ကျမ္မာရေးလည်ဂရုစိုက်ကြပေါအပူးပိုင်းကလာကြတဲ့ကိုသူရတို့ဦးဇင်းတို့တွေအတွက်ကတော့
အအေးဆုံးနိုင်ငံဖြစ်တဲ့
နော်ဝေနိုင်ငံရဲ့အအေးဒဏ်ကို
ခံဖို့လိုတယ်။
ဒါယကာကိုသူရရေး
သီတင်းကျွတ်လပြည့်နေ့တွင်
မိမိတို့၏ မိဘ၊ ဘိုးဘွား၊
ဆရာသမားများမှ သား၊ မြေး၊
တပည့်တို့၏ ပေးအပ်သည့်
ဂါရ၀တရားအပေါ် ပြန်လည် ၍
ဆုံးမသြ၀ါဒပေးခြင်း၊
ကျန်းမာပါစေကြောင်း၊
ချမ်းသာပါစေကြောင်း အစရှိတဲ့
မေတ္တာတရားများ ပွားများခြင်းတို့ကလည်း
ချစ်စရာ့ မြန်မာ့ဓလေ့ရဲ့ “
ကြီးသူကို ရိုသေ၊ ငယ်သူကို
လေးစား “ ဆိုရိုး ရှိသလိုပင်
ကြည်နူးချမ်းမြေ့ ဖွယ်ရာ
မြင်ကွင်းများပဲ ဖြစ်ပါတယ်
။ ထို့အတူ သံဃာတော်များတွင်လည်း
သီတင်း ကျွတ်လပြည့်နေ့မှာ
ပ၀ါရဏာပွဲ ဆင်နွှဲရတယ်။ ပ၀ါရဏာ
ဆိုတာ ဖိတ်ကြားခြင်း၊
တိုက်တွန်းခြင်း၊ တိုင်ပင်ခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ အနှစ်ကတော့
သံဃာတော်တွေက သီတင်းကျွတ်လပြည့်
နေ့မှာ သံဃာများ အချင်းချင်း
တစ်ပါးနှင့်တစ်ပါး အပြစ်ရှိလျှင်
ဆုံးမသွန်သင်ပေးရန် ဖိတ်ကြားခြင်း၊
သာသနာရေး ကိစ္စများဆွေးနွေး
တိုင်ပင်ခြင်းစတဲ့ ကိစ္စရပ်များကို
ဆောင်ရွက်တော်မူကြရတယ်လို့
အဓိပ္ပါယ် ဖော်ဆောင်တာ ကြောင့်
သီတင်းကျွတ်လပြည့်နေ့ကိုပင်
ပ၀ါရဏာပွဲ၊ ပ၀ါရဏာနေ့ဟု
ခေါ်ဆိုကြခြင်းရှိတယ်လို့
ဘာသာရေး ဗဟု သုတအားဖြင့်မှတ်သားထားကြပေါ့။
ဒါ့အပြင်
သီတင်းကျွတ်လပြည့်နေ့ကို
“ အဘိဓမ္မာအခါတော်နေ့ “ ဟုလည်း
သတ်မှတ်ထားတယ်နော်ဒါယကာကိုသူရသိလား
။ မြတ်စွာဘုရား က ခုနှစ်ဝါမြောက်မှာ
တာဝတိံသာနတ်ပြည်သို့
ကြွရောက်ပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿိတနတ်သားအမှူးပြု သော
တစ်သောင်းသော စကြာဝဠာတိုက်မှ
နတ်ဗြဟ္မာများတို့အား
အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူပါ တယ်၊
အဘိဓမ္မာတရားဟာ ကျမ်း(၇)
ကျမ်းရှိသဖြင့်
အလွန်ကျယ်ဝန်း နက်နဲလွန်းတာကြောင့်
လူသားများအနေနှင့် တစ်ထိုင်တည်းနှင့်
ကြားနာဖို့ရာ မဖြစ်နိုင်ပါ
၊ ဒါကြောင့် မယ်တော် မိနတ်သားကို
ကျေးဇူးဆပ်ပြီးသားလည်း
ဖြစ်စေ၊ ဗုဒ္ဓရှင်တော်တိုင်းရဲ့
ဓမ္မတာသဘောကိုလည်း ဖြည့်ကျင့်ပြီးရာ
ရောက်စေလိုသောကြောင့်
တာဝတိံသာနတ်ပြည်သို့
ကြွရောက်ပြီး အဘိဓမ္မာတရားကို
ဟော်တော်မူရခြင်း ။
ဒါယကာကိုသူရရေး“
လူ့သက်တမ်း တစ်ရာလျှင် နတ်သက်
တစ်ရက်သာ “ ရှိပါတယ်။
အဘိဓမ္မာဒေသနာတော်ဟာ ကာလအားဖြင့်
သုံးလကြာအောင် ဟောကြားရမည့်
တရားတော်ဖြစ်ရာ နတ်တို့အဖို့ရာ
အချိန်အားဖြင့် မိနစ်ပိုင်းမျှသာ
ကြာမြင့်မည် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က
အဘိဓမ္မာဒေသနာတော်ကို
ဟောကြားတော်မူလျှက်
ဆွမ်းဘုန်းပေးချိန်ကျ ရောက်ပါက
နိမ္မိတရုပ်ပွားတော် တစ်ဆူအား
ဖန်ဆင်းတော်မူပြီး တရားတော်များအား
ဆက်လက်ဟောကြားတော် မူစေခဲ့ပါတယ်၊
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကတော့
မြောက်ကျွန်းသို့
ဆွမ်းခံကြွတော်မူပြီးလျှင်
ဂင်္ဂါမြစ်ကမ်း နံဘေးတွင်
ဆွမ်းဘုန်းပေးပါတယ်။ ပြီးနောက်
အနောဒတ္တအိုင်၌ လက်ယာရံ အဂ္ဂသာဝက
ဖြစ်တော်မူသော တရား စစ်သူကြီး
အရှင်သာရိပုတ္တရာအား
နေ့စဉ်နေ့တိုင်း နတ်ပြည်တွင်ဟောကြားသော
အဘိဓမ္မာဒေသနာတော်အား အကျဉ်းမျှ
ပြန်လည်၍ ဟောကြားပေးတော်မူပါတယ်။
ပညာအရာမှာ မြတ်စွာဘုရားပြီးလျှင်
အသာလွန်ဆုံးဟု ဧတဒဂ် ရတော်မူသော
အရှင်သာရိပုတ္တရာကိုယ်တာ်
မြတ်ကြီးကလည်း ရှေးအခါက
လင်းနို့လူသားဖြစ်ခဲ့ဖူးသော
အတူနေတပည့် ရဟန်းတော်ငါးရာတို့အား
မြတ်စွာဘုရား အကျဉ်းမျှသာဟောတော်မူသော
အဘိဓမ္မာတရားတော် ကို အကျဉ်း၊
အကျယ်အားဖြင့် ချဲ့ထွင်ပြီး
ပြန်လည်ဟောကြားတော်မူပါတယ်။
ယခု ကိုသူရတို့ သိထားတဲ့
လိုက်နာ ကျင့်သုံးနေတဲ့
အဘိဓမ္မာတရားတော်ဟာ မြတ်စွာဘုရား
ကိုယ်တော်တိုင် ဟောတော်မူသော
အလွန်ကျယ်ဝန်း သော
အဘိဓမ္မာတရားတော်မဟုတ်ဘဲ
အရှင်သာရိပုတ္တရာကိုယ်တ်ာမြတ်ကြီးမှတဆင့်
ပြန်လည်ဟောကြားသော မကျဉ်းလွန်း၊
မကျယ်လွန်းသော အဘိဓမ္မာဒေသနာတော်
ဖြစ်ပါတယ်လို့ မှတ်သားထားရမယ်။
ဦးဇင်းတို့
မြတ်စွာဘုရားရှင်မှ နတ်ပြည်မှ
မယ်တော်ဖြစ်ခဲ့ဖူးသူ
သန္တုဿိတနတ်သားအား
ကျေးဇူးဆပ်တော်မူသောအားဖြင့်
ဟောကြား တော်မူအပ်သော
အလွန်ကျယ်ဝန်းသော အဘိဓမ္မာဒေသနာတော်၊
လူ့ပြည်မှ လက်ယာရံ အဂ္ဂသာဝက
ဖြစ်တော်မူသော အရှင်သာရိပုတ္တရာအား
အကျဉ်းအားဖြင့် ဟောကြားတော်မူသော
အဘိဓမ္မာဒေသနာတော်၊ အရှင်သာရိပုတ္တရာ
မှတဆင့် အတူနေတပည့်
ရဟန်းတော်ငါးရာအား
ပြန်လည်ဟောကြားတော်မူသော
အကျဉ်း၊ အကျယ်၊ အလယ်အလတ်ဖြစ်သော
အဘိဓမ္မာဒေသနာတော်တို့ဟာ
သီတင်းကျွတ်လပြည့်နေ့မှာ
အလုံးစုံပဲ ပြီးဆုံး ခြင်းသို့
ရောက်ရှိခဲ့ပါတယ် ။
ဦးဇင်းတို့မြတ်စွာဘုရားရှင်ပေါ်မှာ
တင်နေတဲ့ မယ်တော်မာယာ(ခ)
သန္တုဿိတနတ်သားရဲ့
ကျေးဇူးဟာ သာမန်ဖြစ်သော
လောကီကျေးဇူးမျှသာ ဖြစ်ပါတယ်။
မယ်တော်ဟာ မြတ်စွာဘုရားအလောင်းလျာပေါ်ကို
အပေါ်ယံဖြစ်သော ၀မ်းဗိုက်
ဆာလောင်မှုကိုသာ ပြေပျောက်စေတဲ့
လောကီနို့ရည်ကိုသာ
တိုက်ကျွေးခဲ့တာပါ။
မြတ်စွာဘုရားရှင်က ပြန်လည်ပြီး
ကျေးဇူးဆပ်လိုက်တဲ့
ကျေးဇူးတော်ကတော့ သံတရာတလျှောက်အတွက်
ပူလောင်ခြင်းဖြစ်တဲ့ ကိလေ
သာ ၀မ်းအပူကို ပြေပျောက်စေတဲ့
လောကုတ္တရာဓမ္မနို့ရည်ပဲ
ဖြစ်ပါတယ်။ မြတ်စွာဘုရားဟောကြားတော်မူသော
အဘိဓမ္မာဒေသနာတော်အဆုံးမှာ
မယ်တော်နတ်သားဟာ သောတာပန်တည်ပြီး
ကုဋေရှစ်သောင်းသော နတ်
ဗြဟ္မာတို့ဟာလည်း သစ္စာတရားကို
သိမြင်သွားကြပါတယ် ။
ဒီအချက်ကို
ကြည့်ခြင်းအားဖြင့် ကိုသူရတို့
မိဘကျေးဇူး ဆပ်ရာမှာ အမှတ်မှား၊
အယူမှား ဖြစ်နေတဲ့ မြတ်စွာ
ဘုရားသည်တောင်မှ
မိခင်နို့တစ်လုံးဖိုးသာလျှင်
ကျေးဇူးဆပ်နိုင်တယ်ဆိုတဲ့
အချက်ဟာ လွဲမှားနေတဲ့ အယူအဆ
မျှသာဖြစ်နေတယ်ဆိုတာ သာဓက
ဆောင်နေပါတယ်။ မြတ်စွာဘုရားရဲ့
တရားကျေးဇူးတော်ကြောင့်
မယ်တော် နတ်သားဟာ ပုထုဇဉ်အနွယ်မှ
အရိယာအနွယ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်
ဟာ မယ်တော်ရဲ့ ကျေးဇူးတော်ကို
အကျေဆပ်ခဲ့နိုင်တယ်လို့
မှတ်သားရမှာပါ ။
သီတင်းကျွတ်
လပြည့်နေ့မှာ မိဘဘိုးဘွားများ၊
ဆရာသမားများ၊ ဆွေမျိုးသားချင်း
ညီကိုမောင်နှမများအား အနှစ်
သာရပြည့်ပြည့်ဖြင့် ဂါရ၀တရားဖြင့်
ပူဇော်ကန်တော့ခြင်း၊
မယ်တော်ဖြစ်ခဲ့ဖူးသူ နတ်ပြည်မှ
သန္တုဿိတ နတ်သား အား မြတ်စွာဘုရားရှင်မှ
ကျေးဇူးဆပ်တော်မူသောအားဖြင့်
ဟောကြား တော်မူအပ်သော အလွန်ကျယ်
ဝန်းသော အဘိဓမ္မာဒေသနာတော်ဟောကြားအပြီး
နတ်ပြည်မှ လူ့ပြည်သို့
ပြန်လည်ဆင်းသက်လာ သောအခါ
အရှင်သာရိ ပုတ္တရာ ဦးဆောင်တော်မူသော
ရဟန်းသံဃာတော်များ၊
လူပုဂ္ဂိုလ်များမှ မြတ်စွာဘုရား
ကြွှဆင်းရာ လမ်းတ လျှောက်တွင်
ပန်းနံ့သာများခင်းကျင်းပြီး
ဆီမီးများထွန်းညှိလျှက်
မြတ်စွာဘုရားရှင်ကို
ပူဇော်ကန်တော့ခြင်း အစ ရှိတဲ့
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာဖြင့်
သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ
အနှစ်သာရပြည့်စုံတဲ့
ရိုးရာယဉ်ကျေးမှု များ
ထုံမွှန်းနေတဲ့ မီးထွန်းပွဲတော်ပဲ
ဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါးကျမ္မာချမ်းသာကြပါစေ။
စတီရယ်ဒေါမြို့
စံကင်း
Friday 26 October 2012
နော်ဝေနိုင်ငံ စတီရယ်ဒေါမြို့ရောက် မြန်မာကလေးငယ်များနှင့် သီတင်းကျွတ်ပွဲတော်
နော်ဝေနိုင်ငံ
စတီရယ်ဒေါမြို့ရောက်
မြန်မာကလေးငယ်များနှင့်
သီတင်းကျွတ်ပွဲတော်
တပည့်များ--မင်္ဂလာပါဘုရား
ဆရာတော်--
မင်္ဂလာပါကွယ်
၊ အော်--
အောင်ကောင်းမြတ်
တို.ပါလား
။
တပည့်များ
--
တင်ပါ့ဘုရား-
ဝေေ၀ဇော်-သဇင်ထက်နဲ.
နေလင်းတို.လည်း
ပါ-
ပါတယ်ဘုရား
။
ဆရာတော်--
အော်-
ဟုတ်လား--
ကဲ
-
လာ
ကျောင်းပေါ်တက်ကြလေကွယ် ။
ဝေေ၀ဇော်--
သမီးတို.က
ဆရာတော်ကို လာကန်တော့ကြတာပါ
။
သဇင်းထက်--တင်ပါ့ဘုရား-ဆရာတော်ကို
ကန်တော့ပြီးရင် သမီးတို.လူကြီး
မိဘ နဲ.ဆရာတွေကိုပါသွား
ကန်တော့ကြမလို.ပါ
။
ဆရာတော်--သိပ်လိမ္မာတဲ့
ကလေးတွေပါလားကွယ် ။ အေး--ခုလို
ဝါလကင်းလွတ်လို.
သီတင်း
ကျွတ်ပြီဆိုတာနဲ.
လူကြီး
မိဘနဲ.
ဆရာသမားတွေကို
ပူဇော် ကန်တော့ကြတဲ့အလေ့အထဟာ
ဦးဇင်းတို့ ဗုဒ္ဒဘာသာ
မြန်မာလူမျိုးတွေရဲ့
အင်မတန်ချစ်စရာကောင်းတဲ့
ဓလေ့ထုံးတမ်းစဉ်လာ တစ် ရပ်
ပါပဲကွယ်။
ဝေေ၀ဇော်--
ဆရာတော်ကိုကန်တော့ဖို.
ဒီမှာ
ကိတ်မုန်.နဲ.
သစ်သီးတွေ
ဝယ်လာပါတယ် ။
ဆရာတော်--အိုကွယ်-
ဒါတွေမလိုပါဘူး-လူကြီးတွေကို
ကန်တော့အခါ စိတ်ပါလက်ပါနဲ.
လက်
အုပ်ချီကန်တော့ရုံနဲ.လည်းလုံလောက်နေပြီပဲကွယ်။
အောင်ကောင်းမြတ်
--အခုလို
သီတင်းကျွတ်တိုင်း ဆရာမိဘနဲ.
လူကြီးတွေကိုကန်တော့ကြတဲ့အကြောင်း
တပည့်တော်တို.ကို
ရှင်းပြပါလားဆရာတော်ဘုရား။
သဇင်းထက်--
ဟုတ်ပါတယ်ဆရာတော်
-သမီးတို.လည်း
သိချင်ပါတယ် -
ပြောပြပေးပါဘုရား
။
ဆရာတော်--
အေးပါကွယ်-
-- ဒီလို
သီတင်းကျွတ်ပွဲတော်အကြောင်း
ပြောပြရမယ် ဆိုရင်တော့ ပထမဆုံး
ဦးဇင်းတို့ရဲ့ ဗုဒ္ဒမြတ်စွာဘုရား
ပွင့်တော်မူစ အချိန်ကာလကို
ပြန်သွားကြရလိမ့်မယ် -----
ဆရာတော်--ဦးဇင်းတို့ရဲ့
ဗုဒ္ဒမြတ်ဘုရားဟာ ဘုရားအဖြစ်ကို
ရရှိတော်မူပြီးနောက် တာဝတိံသာ
နတ်ပြည်မှာ သတ္တမမြောက်ဝါဆို
ဝါကပ်တော်မူပြီးတဲ့အခါ
ကျေးဇူးတော်ရှင် မယ်တော်မာယာ
(နတ်သား)ကိုအကြောင်းပြုပြီး
နတ်ဗြဟ္မာများကို အဘိဓမ္မာတရား
ဟောကြားတော်မူတယ် ။ အဲဒီ လို
သုံးလပါတ်လုံးတရားဟောကြားတော်မူပြီးလို.
သီတင်းကျွတ်လပြည့်နေ.
ရောက်လာတဲ့အခါ
တာဝတိံသာနတ်ပြည်ကနေ
လူ.ပြည်လူ.ရပ်ဌာနကို
ပြန်ကြွတော်မူခဲ့တယ်။ ဒီလို
တာဝတိံသာနတ်ပြည် မှ မြတ်ဗုဒ္ဒ
ပြန်ကြွတော်မူမယ့် သင်္ကသနဂိုရ်ပြည်အထိ
ရွှေစောင်းတန်း-ငွေစောင်းတန်းနဲ.
ပတ္တမြားစောင်းတန်းကြီးတွေကို
နတ်ဗြဟ္မာများကဖန်ဆင်းပေးထားကြသတဲ့
။
တပည့်များ
--
တော်တော်
လှမှာပဲဘုရား---
ဆရာတော်--
အေးကွဲ.-
လူ.ပြည်က
လူသားတွေကလည်း ဆီမီးရောင်စုံ
အဖုံဖုံနဲ.
ပူဇော်
ကန် တော့ကြတာပေါ့။ အဲဒီ
အကြောင်း
ရင်းကို
အခြေခံပြီး ဒီကနေ.တိုင်အောင်ပဲ
ဒီလို သီတင်းကျွတ် ပြီဆိုတာနဲ.
ဗုဒ္ဒမြတ်ဘုရားကိုရည်စူးပြီး
ဆီမီးရောင်စုံတွေ
ထွန်းညှိပူဇော်ကြတယ်လေ။
အေး--အဲဒီ
ဗုဒ္ဒပူဇော်ပွဲကို အစွဲပြုပြီး
အခုကလေးတို.လိုပေါ့
လူကြီး-မိဘ-ဆရာသမားတွေနဲ.အတူ
ကိုယ့်ထက်အသက်ကြီး ဝါကြီးတဲ့သူတွေကို
အခုလိုပဲကန်တော့ကြတဲ့
ကြည်နူးစရာအလေ့အထက ဒီကနေ.
တိုင်အောင်ပါပဲကွယ်။
နေလင်း--
ဒါနဲ.
ဝါကျွတ်ပွဲတော်
ဆိုတာကကော ဘာအဓိပ္ပါယ်လဲဘုရား
။
ဆရာတော်--အေး-အဲဒါကတော့
ဦးဇင်းတို့ရဲ့ ဂေါတမဘုရားလက်ထက်မှာ
ရဟန်းသံဃာတော်တွေ ဘယ်လောက်
များသလဲဆိုရင်လယ်ကွင်းပြင်ကို
ဖြတ်ဖြတ်ပြီး ဆွမ်းခံကြွရတဲ့အခါ
ဆန်စပါး စတဲ့ ကောက်ပဲသီးနှံပင်တွေကိုတောင်
ရှောင်လို.
မရနိုင်တဲ့အထိပဲတဲ့လေ။
နွေရာသီလို ဆန်စပါး သီးနှံ
ပင်တွေ မဖွံ.ဖြိုးသေးတဲ့အချိန်မှာ
အကြောင်းမဟုတ်ပေမဲ့
မိုးရာသီရောက်တဲ့အခါ ဒီရဟန်းသံဃာ
တွေကြောင့် စပါးစိုက်ခင်းတွေ
ပျက်ယွင်းကုန်တဲ့အတွက်
စိုက်ပျိုးသူတွေက မြတ်ဘုရားထံ
တင်ပြ တောင်းပန်ကြသတဲ့ကွယ်။
ဝေေ၀ဇော်--
အဲဒီတော့
ဘုရားက ဘယ်လို လုပ်ပေးလဲဘုရား-
။
သဇင်းထက်--ဆရာတော်ပြောတာကို
နားထောင်ပါအုံး မဝေေ၀ဇ်ာရဲ့
-
ဆရာတော်--
အေး-
ဒီအခါ
မြတ်ဘုရားကလည်း ဝါဆိုလပြည့်နေ.ကစပြီး
ရဟန်းသံဃာအားလုံး ဘယ်ကိုမှ
ခရီးဝေးမထွက်ကြရပဲမိမိတို.ရဲ့ကျောင်းသင်္ခမ်းမှာသာ
တရားဓမ္မများကျက်မှတ်လေ့လာကြရမယ်
လို.
ပညတ်တော်မူလိုက်တယ်
။ ဒါ့ကြောင့် ဝါဆိုလပြည့်နေ.ကို
“ဝါဝင်“
တဲ့နေ.လို.သတ်
မှတ်ကြတာပေါ့ကွယ် ။
အောင်ကောင်းမြတ်--ဝါတွင်းသုံးလလုံးပေါ့
ဆရာတော် ။
ဆရာတော်--အေး-ဟုတ်တယ်ကွဲ.။
သီတင်းကျွတ်လပြည့်နေ.ရောက်တဲ့အခါမှ
သံဃာတော်တွေ လည်း မိမိတို.လိုရာကို
ကြွနိုင်ကြတယ် ။ ဒါကို
“ဝါကျွတ်“
တယ်လို.သတ်မှတ်ပြိး
လူတွေကလည်း ရဟန်းသံဃာများကို
ပင့်ဖိတ်ပြီး အလှူဒါနတွေပြုလုပ်ကြတာပေါ့
။
ဒါက
ရဟန်းသံဃာတော်များရဲ့
“ဝါကျွတ်“ ရတဲ့အကြောင်းနော်
။ အဲ-
လူသားတွေအနေနဲ.ကျတော့
အခု ကလေးတို.လိုပေါ့လူကြီး
မိဖ-ဆရာသမားတွေကို
တရိုတသေနဲ.
ကန်တော့တဲ့အခါ
ကာယကံ-
ဝစီကံ-မနောကံ
စတဲ့ ကံတစ်ပါးပါးနဲ.
ပြစ်မှားခဲ့မိပါကထိုအပြစ်မှ
ခွင့်လွှတ်ပေးပါရန်
ပန်ကြားရတယ်-ဒီအခါကန်တော့ခံရ
တဲ့ လူကြီးက အပြစ်မှန်သမျှ
ခွင့်လွှတ်ကြပြီး ဆုမွန်ကောင်း
တွေ
တောင်းပေးတာနဲ.
ကန်တော့သူရဲ့
စိတ်ထဲမှာ “ ဒီအပြစ်များမှ
ကျွတ်သွားပြီ-
လွတ်သွားပြီ“-ဆိုတဲ့
ဝမ်းသာ ပီတိစိတ်တွေပေါ်လာတယ်
လေ။ အဲဒါကတော့ လူသားတွေအတွက်
“ကျွတ်ရ လွတ်ရ“ တဲ့ အချက်ပေါ့ကွယ်
။
အောင်ကောင်းမြတ်--ဟုတ်တယ်နော်ဘုရား
-
တပည့်တော်တို.ကို
လူကြီးတွေက အဲဒီလို ဆုပေးတဲ့အခါ
အရမ်းပျော် သွားတာပဲဆရာတော်ရဲ့
။
ဆရာတော်--
အေး
-
- လူငယ်ဆိုတာကိုယ့်ထက်
အသက်ကြီးပြီး ကိုယ့်ထက်
ဗဟုသုတ ကြွယ်ဝ သူ-ကိုယ့်ထက်
ဥာဏ်ပညာကြီး
ရင့်သူ
လူကြီးများရဲ့ ဆိုဆုံးမစကားနဲ.
လမ်းညွှန်ပြသမှုတွေကို
အမြဲ လိုက်နာ နားထောင်ကြရမယ်။
ပညာသင်ကြားနေတဲ့အချိန်မှာ
သူတစ်ပါးတွေ
ဘာဘာညာညာတွေ ပြောကြ လုပ်ကြတာတာတွေကို
နားမယောင်ရဘူး
။သူများလက်ခုပ်တီးပေးတိုင်းလိုက်မလုပ်ရဘူး-တကယ်လို.
နားယောင်ပြီးလိုက်
လုပ်မိရင်ကော ကိုယ်ပဲ နစ်နာ
ဆုံးရှုံးရမယ်ပေါ့ ။ ကိုယ့်ရဲ့
မိဖတွေ လည်း စိတ်ဆင်းရဲ
ပင်ပန်းကြရမယ် ။ ဒါကိုတော့
ကလေးတို.
အမြဲ
သတိရှိနေကြဖို.လိုပါတယ်။
တပည့်များ
--
တင်ပါဘုရား
အားလုံးသော
သူများမှသည်လည်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံပိုင်ဆိုင်ရသူများ
ဖြစ်ကြပါစေလို့ …………..
စတီရယ်ဒေါမြို့
စံကင်း
Wednesday 17 October 2012
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ မိမိတို့သန္တာန်မှာ ထားရှိရမည့် ကိုယ်စောင့်တရား(၄)ပါးမှာ -
ကိုယ်စောင့်တရား(၄)ပါးထားပါ။
•••••••••••••••••••••••••••••ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ မိမိတို့သန္တာန်မှာ ထားရှိရမည့် ကိုယ်စောင့်တရား(၄)ပါးမှာ -
၁။ ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်ဖန်ပွားများခြင်း။
•••••••••••••••••••••••••••••ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၊ မိမိတို့သန္တာန်မှာ ထားရှိရမည့် ကိုယ်စောင့်တရား(၄)ပါးမှာ -
၁။ ဗုဒ္ဓါနုဿတိ = မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်ဖန်ပွားများခြင်း။
မိမိစိတ်၌၊
အမှန်ကို ကျော်သွားပြီး၊
အမှားကိုသိတတ်သည့် "မောဟ"
ဖြစ်တာများသည်ဟု
သိရသောအခါ .
. "အရဟံ =
ကိလေသာရန်သူကို
ပယ်သတ်တော်မူသော မြတ်စွာဘုရားပါတကား။
သမ္မာသမ္ဗုဒ္ဓေါ =
အလုံးစုံသောတရားတို့ကို၊
မဖောက်မပြန် ကိုယ်တော်တိုင်
သိတော်မူသော
မြတ်စွာဘုရားပါတကား" စသည်ဖြင့်၊ ဂုဏ်တော်(၉)ပါးလုံးကိုဖြစ်စေ၊ တစ်ပါးပါးကိုဖြစ်စေ၊ ပွားများခြင်းဖြင့်၊ကိုယ်စောင့်တရားချထားကြရမည်။
၂။ မေတ္တာ = အကျိုးကိုလိုလားသောအားဖြင့်၊ ချစ်ခင်ခြင်း၊ မေတ္တာကို အဖန်ဖန်ပွားများခြင်း။
မိမိစိတ်၌၊ မိမိကိုလည်း ဖျက်ဆီးတတ်၊ သူတစ်ပါးတို့ကိုလည်း ဖျက်ဆီးတတ်သော "ဒေါသ" ဖြစ်တာများသည်ဟု သိရသောအခါ . .
"ငါသည်၊ ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ ချစ်ခင်အပ်သောပုဂ္ဂိုလ်တို့သည်, မချစ်လွန်း မမုန်းလွန်းသောပုဂ္ဂိုလ်တို့သည်, ရန်သူဖြစ်သောပုဂ္ဂိုလ်တို့သည်, အရပ်ဆယ်မျက်နှာနေ အားလုံးသော သတ္တ၀ါတို့သည်၊
ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ"ဟု၊ အစဉ်အတိုင်း ပွားများခြင်းဖြင့်၊ ကိုယ်စောင့်တရား ချထားကြရမည်။
၃။ အသုဘ = မိမိခန္ဓာကိုယ်၊ သူတစ်ပါးခန္ဓာကိုယ်တို့၌၊ အသုဘဟု ထင်မြင်အောင်ပွားများခြင်း။
မိမိစိတ်၌၊ မိမိခန္ဓာကိုယ်ကိုလည်း တပ်မက်၊ သူတစ်ပါးတို့၏ ခန္ဓာကိုယ်ကိုလည်း တပ်မက်နှစ်သက်တတ်သော "လောဘတဏှာ" ဖြစ်တာများသည်ဟု သိရသောအခါ . .
"ဤကိုယ်၌၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ။ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။
ဤ(၃၂)ပါးသော အဖို့အစုတို့သည်၊ အဆင်း, အနံ့, သဏ္ဍာန်, တည်ရာအရပ်, မှီရာအကြောင်းအားဖြင့်၊ စက်ဆုတ်စရာ၊ ရွံစရာ ဖြစ်ကုန်၏။ မတင့်တယ်ကြကုန်။ အသုဘသာ ဖြစ်ကုန်၏"ဟူ၍၊ အသုဘကမ္မဋ္ဌာန်း ပွားများခြင်းဖြင့်၊ ကိုယ်စောင့်တရား ချထားကြရမည်။
၎။ မရဏဿတိ = မိမိ၌ရှိနေသော သေခြင်းသဘောကို၊ ထင်မြင်အောင် ပွားများခြင်။
မိမိ၏စိတ်၌၊ ထောင်လွှားတတ်သည့် "မာန" ဖြစ်တာများသည်ဟု သိရသောအခါ . . "ငါသည် ဧကန်မုချ သေရလတ္တံ့။ ထွက်သက်မှ ၀င်သက်တိုင်ရုံလောက်ကြာအောင်၊ အသက်ရှည်လျှင် တော်ပေစွ။ ၀င်သက်မှ ထွက်သက်တိုင်ရုံလောက်ကြာအောင်၊ အသက်ရှည်လျှင် တော်ပေစွ။ ဧကန်မုချ ငါ သေရလတ္တံ့"ဟူ၍မရဏဿတိပွားများကာ၊ကိုယ်စောင့်တရားချထားကြရမည်။
ဤကိုယ်စောင့်တရား (၄)ပါးရှိသော ပုဂ္ဂိုလ်တို့သည်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်သည်အထိ၊ ၀ိပဿနာတရား အားထုတ်ကြသောအခါ၊ တရားမတွေ့သေးသော ပုဂ္ဂိုလ်တို့မှာ၊ လျှင်မြန်စွာ တရားတွေ့ကြမည် ဖြစ်ပေသည်။ တရားတွေ့ပြီးသော ပုဂ္ဂိုလ်တို့မှာ၊ လျှင်မြန်စွာ တရားတက်ကြမည် ဖြစ်ပေသည်။ တရားထူးတရားမြတ်များ ရထိုက်သော ပုဂ္ဂိုလ်တို့မှာ၊ တရားထူး တရားမြတ်များ လျှင်မြန်စွာ ရကြမည်ဖြစ်ပေသည်။
(သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး)

Monday 15 October 2012
သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားခြင်း
သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် သက်ကြီးပူဇော်ပွဲ ဖိတ်ကြားခြင်း
ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများအားလုံး နော်ဝေနိုင်ငံ STJØRDALမြို့ရှိ ရတနာအောင်မြေ ဘုန်းကြီးကျောင်း(ယာယီ)တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် သက်ကြီးပူဇော်ပွဲအား အောက်ပါ အစီအစဉ် အတိုင်းကျင်းပမည်ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ အားလေးစားစွာဖိတ်ကြားအပ်ပါသည်။
အစီအစဉ်။၂၇-၁၀-၂၀၁၂
အချိန်။နေ့လယ်-၂နာရီမှညနေ-၆နာရီအထိ
နေရာ
။ရတနာအောင်မြေဘုန်းကြီးကျောင်း(ယာယီ)
Heggelia.5.
7500 STJØRDAl
မှတ်ချက်။
။အသက်၆၀နှင့်အထက်လူကြီးများကိုပူဇော်ခံအဖြစ်သက်မှတ်ပါသည်။
ရတနာအောင်မြေကျောင်းမိသားစု
STJØRDAl
Contact person
Ma Thanda 98434156
Lin Lin Aye 98067956
U Tin Htun 48288546
Ko Htay Lwin 98868366 ဓါတ်ပုံအား အင်တာနက်ကရယူပါသည်။
Ma Thanda 98434156
Lin Lin Aye 98067956
U Tin Htun 48288546
Ko Htay Lwin 98868366 ဓါတ်ပုံအား အင်တာနက်ကရယူပါသည်။
Saturday 13 October 2012
အနာထပိဏ်သူဌေးကြီးနှင့် နော်ဝေနိုင်ငံ စတီရယ်ဒေါမြို့က မြန်မာကလေလးငယ်များ ဓါတ်ပုံ
အနာထပိဏ်သူဌေးကြီးသည်
သာဝတ္ထိပြည်က သုမနသူဌေးကြီးရဲ့သားဖြစ်ပါတယ်။
ငယ်နာမည်မှာ သုဒတ္တဟု ခေါ်ပါတယ်။
ဒါပေမယ့် ငယ်စဉ်ကပင် အားကိုးရာမဲ့
ဆင်းရဲနွမ်းပါးသူတို့အား
လွန်စွာပေးကမ်းစွန့်ကျဲတတ်သောကြောင့်
"အနာထပိဏ်သူဌေး"
ဆိုတဲ့
အမည်နာမသာ တွင်ခဲ့ပါတယ်။အနာထပိဏ်သူဌေးကြီးဟာ
ရာဇဂြိုဟ်သူဌေးကြီးနဲ့
မောင်လှယ် နှမလှယ်တော်စပ်ကြပါတယ်။
မောင်လှယ် နှမလှယ်ဆိုတာကတော့
အနာထပိဏ်သူဌေးက ရာဇဂြိုဟ်သူဌေးရဲ့
နှမကိုယူထားတယ်။ ရာဇဂြိုဟ်သူဌေးကလည်း
အနာထပိဏ်သူဌေးရဲ့ နှမကို
ယူထားတယ်။ ဒါကို မောင်လှယ်
နှမလှယ်လို့ ဆိုပါတယ်။
အနာထပိဏ်သူဌေးကလည်း
သူ့မြို့မှာရှိတဲ့ ကုန်တွေကို
ရာဇဂြိုလ်သူဌေးထံ ယူလာပြီးရောင်းချတယ်။
ရာဇဂြိုဟ်သူဌေးကလည်း
သူ့မှာရှိတဲ့ကုန်ပစ္စည်းတွေကို
အနာထပိဏ်သူဌေးရဲ့
သာဝတ္ထိမြို့မှာယူလာပြီးရောင်းချတယ်။
တနေ့တော့ အနာထပိဏ်သူဌေးဟာ ကုန်တွေကိုယူပြီး ရာဇဂြိုဟ်မှာရောင်းဖို့လာတယ်။ ခါတိုင်း အနာထပိဏ်သူဌေးလာတယ်ဆိုရင် ရာဇဂြိုဟ်သူဌေးက ထွက်ပြီးကြိုနေကျ၊ ဒီနေ့ကျတော့မှ ထွက်မကြိုပဲ သူ့အိမ်မှာရှိတဲ့သူတွေကို " ထမင်းတွေချက်ကြဟဲ့၊ ဟင်းတွေချက်ကြဟဲ့ "နဲ့ ခိုင်းစေနေတာကို အနာထပိဏ်သူဌေးက အိမ်ရှေ့ကနေကြားရတယ်။ ကြားရတော့ "ဒီသူဌေးဟာ ခါတိုင်း ငါလာတယ်ဆိုရင် ထွက်ပြီးကြိုနေကျ ဒီနေ့ ထွက်မကြိုပါလား၊ ဧကန္တ ဒီသူဌေးမှာ အာဝါဟ ၀ိဝါဟ မင်္ဂလာများရှိနေလို့လား၊ ဒါမှမဟုတ် ဗိမ္ဗိသာရမင်းကြီးနဲ့စစ်သည်တော်တွေကိုများ ထမင်းဖိတ်ကျွေးမလို့လား" နဲ့ တွေးပြီး အိမ်ထဲဝင်သွားပါတယ်။
ဒီတော့မှ ရာဇဂြိုဟ်သူဌေးကလဲ ထွက်ပြီး ခရီးဦးကြိုဆိုမှုပြုနိုင်တယ်။ အနာထပိဏ်သူဌေးကလည်း ခုနက သူ့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တယ်။ ဒီတော့ ရာဇဂြိုဟ်သူဌေးက မဟုတ်တဲ့အကြောင်း၊ ဗုဒ္ဓမြတ်စွာအမှူးရှိသော သံဃာတော်တွေကို ဆွမ်းကပ်မည့်အကြောင်းပြောပြလိုက်တော့ အနာထပိဏ်သူဌေးဟာမေ့သွားတယ်။
နောက်သတိပြန်ရပြီး "နေစမ်းပါဦး သူဌေးကြီး၊ ခုနက သင်ဘာပြောလိုက်တာလဲ" လို့ ထပ်မေးတဲ့အခါ ရာဇဂြိုဟ်သူဌေးကလည်း "ဗုဒ္ဓ" လို့ပြောလိုက်ပါတယ်။ တစ်ခါ ထပ်မေ့သွားပြန်တယ်။ သုံးကြိမ်သုံးခါတိုင်အောင် မေ့သွားပြီးတော့မှ ပြန်သတိရတဲ့အချိန်မှာ-
"အဲဒီဗုဒ္ဓထံကျုပ်သွားချင်ပါတယ်။"လို့ပြောတော့ -
"အခုတော့ အချိန်မဟုတ်သေးဘူး၊ မနက်ဖြန်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာပါလိမ့်မယ်။၊ အဲဒီကျမှ ဖူးမြော်ပါ " လို့ပြောလိုက်တယ်။
အနာထပိဏ်သူဌေးကြီးဟာ ဘုရားဆိုတဲ့ အသံကိုကြားတဲ့အချိန်ကစပြီး (အာရမ္မဏပစ္စည်း) အဲဒီ အာရုံနဲ့နေလိုက်တာ တစ်ညလုံးပဲ၊ ဒီလိုဘုရားအာရုံ ကြပ်ကြပ်ထုံလာတော့(အာသေ၀နပစ္စည်း) ခန္ဓာကိုယ်က အရောင်အ၀ါတွေ ထွက်လာတယ်။ ပထမညဥ့်ဦးယံမှာ ခန္ဓာကိုယ်က အရောင်အ၀ါတွေထွက်လာတော့ မိုးလင်းပြီးအထင်နဲ့ ထလိုက်တာ အပြင်ဘက်ထွက်ကြည့်တော့မှ စောနေသေးမှန်းသိလို့ အခန်းထဲ ပြန်အိပ်ပြန်တယ်။ နောက် အရုဏ်မတက်ခင် တစ်ခါနိုးလို့ကြည့်လိုက်တော့ အလင်းရောင်တွေက ထွက်နေပြန်တယ်။ ဒီတစ်ခါကျတော့ မိုးလင်းပြီးဆိုပြီး ထသွားတယ်။
ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီး တဖြည်းဖြည်းနဲ့သွားလိုက်တာ မြို့တံခါးရောက်သွားတယ်၊ မြို့တံခါးစောင့်နတ်တွေကလည်း တံခါးတွေဖွင့်ပေးကြတယ်။ မြို့ပြင်ရောက်တော့ သူသေအလောင်းတွေကို တက်နင်းမိတယ်။ (ရှေးခေတ် အိန္ဒိယထုံးစံက အလောင်းကို မြေမမြှုပ်ပဲ မြို့ပြင်မှာပဲ ပစ်ထားလေ့ရှိတယ်။) ဒီလိုအလောင်းကိုတက်နင်းမိတော့ လန့်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်ကုန်တယ်။ ဒီတော့ သုသာန်စောင့်နတ်က "သတံ ဟတ္ထီ သတံ အဿာ ...." အစရှိတဲ့ ဂါထာနဲ့ အားပေးပါတယ်။
"သူဌေးကြီး ... ရှေ့ကိုသာ တိုးသွား၊ ရှေ့ကိုသာတိုးသွား၊ သင့်ရဲ့သွားခြင်းဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ အဿထိုရ်မြင်းတစ်သိန်း ကယှဉ်ထားတဲ့ ရထားပေါ်မှာ တန်ဆာဆင်ထားတဲ့ အမျိုးသမီးတစ်သိန်းတို့ရဲ့ တန်ဖိုးနဲ့ သင်သူဌေးကြီး ဘုရားထံသွားတဲ့ ခြေတစ်လှမ်းလောက် တန်ဖိုးမရှိပါဘူး" လို့ပြောတော့မှ သူဌေးကြီးလည်း တစ်ဖန်အားတက်ပြီး ရှေ့ကိုဆက်သွားပြန်တယ်။ ဒီပဲ သုံးကြိမ်သုံးခါတိတိဖြစ်ပြီး သွားလိုက်တာ မိုးလင်းသွားတယ်။
ဒီလိုနဲ့ အနာထပိဏ်သူဌေးကြီးဟာ ဘုရားနဲ့ မလှမ်းမကမ်းရောက်သွားတယ်။ ဒါပေမယ့် ဘုရားဆိုတိုင်း မယုံသေးတော့ သူစဉ်းစားပါတယ်။ ဘယ်လိုစဉ်စားသလဲဆိုတော့ ဧကန္တ ဘုရားဆိုရင် ငါ့ရဲ့နာမည်အရင်းဟာ သုဒတ္တ၊ ငါ့နာမည်ကို ငါ့မိဘမှတစ်ပါး ဘယ်သူမှမသိကြဘူး၊ ငါ့နာမည်အရင်ကို ဧကန်ဒိဋ္ဌသိရင်တော့ တကယ့်ဘုရားပဲလို့ တွေးပြီးသွားတယ်။
မြတ်စွာဘုရားရှင်လည်း သိတော်မူတာနဲ့ "ဧဟိ သုဒတ္တ (သုဒတ္တ လာခဲ့၊ သုဒတ္ထ လာခဲ့) " လို့ခေါ်တော်မူတော့ သူဟာ ၀မ်းမြောက်ဝမ်းသာနဲ့ ဘုရားခြေတော်ရင်းမှာ သွားပြီး ၀တ်ချတယ်။ မြတ်စွာဘုရားတရားဟောလိုက်တော့ သောတာပန်ဖြစ်သွားတယ်။ လောကုတ္တရာရတနာကို ပိုင်ဆိုင်သွားတာပါ။ ဘယ်တော့မှ မပျောက်ပျက်တော့ပါဘူး။
သာသနာကိုလည်း အထူးထောက်ပံ့ချီးမြောက်ပါတော့တယ်။ မြတ်စွာဘုရားကို (၅၄)ကုဋေတန်သော ဇေတ၀န်ကျောင်းတော်ကိုဆောက်လုပ် လှူဒါန်းပါတယ်။ ကျောင်းရေစက်ချပွဲကို သုံးလတိုင်တိုင် (၁၈)ကုဋေအကုန်အကျခံလှူကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဉ် -

၁။
စာရေးတံဆွမ်း ငါးရာ
၂။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကဆွမ်းငါးရာ
၃။ စာရေးတံ ယာဂုဆွမ်း ငါးရာ
၎။ လဆန်းလဆုပ်တို့၌ အထူးဝတ်ထား၍လှူသော ပက္ခိကယာဂုဆွမ်းငါးရာ
၅။ ပုဂ္ဂလိက နိစ္စဘတ်ဆွမ်း ငါးရာ
၆။ အာဂန္တဆွမ်းငါးရာ
၇။ ဂမိကဆွမ်းငါးရာ
၈။ ဂိလာနဆွမ်းငါးရာ
၉။ ဂိလာနုပဋ္ဌကဆွမ်းငါးရာ
၁၀။ နေကထိုင်ငါးရာ............... စသည်တို့ဖြစ်ပါသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်က လှူဒါန်းပေးကမ်းစွန့်ကြဲခြင်းအရာ၌ မွေ့လျော်ကြသည့် ငါဘုရား၏ ဥပါသကာတို့တွင် အနာထပဏ္ဍိက အမည်ရသော သုဒတ္တသည် အသာလွန်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်မိန့်ကြားတော်မူခဲ့ပါသည်။သားတို့သမီးတို့လည်ပဲ အနာထပိဏ်သူဌေးကြီးလို့ဖြစ်ချင်းကြတယ်ဆိုရင် တရားကို ရှာမှာပဲရမယ်။ဒီတော့ ဘာလုပ်ကြရမလဲ သတိတရားလက်ကိုင်ထားပြီးကြိုးစားလိုက်ကြတော့ အားလုံးကိုယ်စိတ်နှစ်ပါးကျမ္မာချမ်းသာကြပါစေ။
စတီရယ်ဒေါမြို့ စံကင်း
Subscribe to:
Posts (Atom)